Chapter 2

2.3K 82 6
                                    


အား ပါးပါး  ခန့်လိုက်တဲ့လူကြီး  လေးကိုင်းသဏ္ဍ
န် မျက်ခုံးထူထူ   စူးရှလှသော   သိမ်းငှက်တစ်
ကောင်ကဲ့သို့မျက်ဝန်းတစ်စုံ  နှာတံပေါ်ပေါ်   မထူ
မပါးနှုတ်ခမ်းတစ်စုံ  ထင်ရှားလှစွာသောV ပုံစံ မေးရိုးများက  ထိုလူကြီး၏  ဆွဲဆောင်မှုများထဲ
က တစ်ခု ဟုဆိုရမလား  အရပ်ရှည်လှပါပီဆိုတဲ့
ခွန်း ထက်ပင် ခေါင်းတစ်လုံးစာလောက်ပို
မြင့်‌သည်  ထိုလူသားကိုထုဆစ်ဖို့  ဘုရားသခင်
မည်မျှ အချိန်ပေးခဲ့ရသည်မသိ.......

"အဆင်ပြေရဲ့လား  ကောင်လေး "

"အာ  မပြေဘူးထင်တယ်ဗျ  ကျွန်တော့်နှလုံးသားလေး လန့်ပီး  ရင်ခုန်နှုန်းတွေ မြန်နေတယ်  "

"ဘယ်လို  မင်းမှာ  နှလုံးရောဂါတွေဘာတွေများရှိလား  အရမ်းလန့်သွားရင်  ကိုယ်အနီးနားကဆေးခန်းပို့ပေးမယ်လေ "

"နှလုံးရောဂါက  အရင်ကတော့မရှိဘူးဗျ  နောင်တစ်ချိန်ကျရင်တော့  မပြောတတ်ဘူးဗျ  လူကြီးအပေါ်မှာမူတည်တယ် "

"ပြုတ်ကျတဲ့ ပစ္စည်းတွေကို စစ်ကြည့်လိုက်ဦး တကယ်လို့  အဆင်ပြေတယ်ဆိုရင်  ကိုယ့်ကိုခွင့်ပြုပါဦး  အိမ်မှာ  သမီးလေးကျန်ခဲ့တာမလို့"

ဇေဇိုင်း  သူ့ကိုမထိတထိပြောနေသော  ကောင်ဆိုးလေးအား  တမင် ‌စကားလွှဲကာ  သမီးလေးကျန်ခဲ့ကြောင်း  ပြောခဲ့လိုက်သည်  အစောနကနဲ့မတူ  ရုပ်သေကြီးနဲ့ရပ်ကျန်ခဲ့သည့်  ကောင်လေးက  သူ့ကိုသိပုံမရ  သူကသာ  ညီမငယ်ကို ကျောင်းလိုက်ပို့ရင်း   သိခဲ့ရသည်မဟုတ်ပါလား

"ကတောက်   နည်းနည်းလေးပဲ  အပြစ်ပြောမိတာလေ ကံတရားကြီးရယ်  ခုတော့ရက်ရက်စက်စက်ကျွန်တော့်ကို  အကွက်‌ရွှေ့‌ပေးလိုက်တာ  အတော်မှ ပျော်ရဲ့လား  ဟင်းးးးး"

အာ  ငါဘာတွေဖြစ်နေတာလဲ  ဒီလူကြီးက အရမ်းခန့်လို့  ခဏစိတ်လွတ်သွားတာနေမှာပါ သတိထားစမ်း  ခွန်းရတုမောင်  မင်းက အဖြောင့်လေကွာ  အဖြောင့် အဖြောင့်  ဟုသာရေရွတ်ရင်း ........

တီ တီ တီ

"ဟယ်  ခွန်း  လာထိုင်ဦး  ငါက  ကားသံကြားတော့ ကိုကြီးပြန်လာတယ်ထင်တာဟ  အဲ့ကြောင့်ထွက်မလာမိတာ"

Mg'Lugi Where stories live. Discover now