Chapter 19

1.3K 67 9
                                    


ခွန်းအတွက် ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်ရမည့် D- Day နေ့ကြီး ရောက်ရှိလာခဲ့ပီ အားလုံးသေချာ ပြင်ဆင်ထားပေမဲ့လဲ ခွန်း စိတ်တွေအလွန်လှုပ်ရှား နေရသည် ။ ဒီနေ့တော့ အစောကြီး နိုးနေပီး ပြန်အိပ်လို့လဲ မရတော့သည်မို့ ခွန်း data များအား နောက်တစ်ကြိမ် ပြန်စစ်ဆေးနေလိုက်ပီး ယူရမဲ့ ဖိုင်တွဲများကိုလဲ မေ့ကျန်နေတာမျိုး မဖြစ်စေရန်တစ်ခါတည်း အိတ်ထဲထည့်ထားလိုက်တော့သည် ။ မျက်နှာသစ် ကိုယ်လက်သန့်ရှင်းရေးများ ပြုလုပ်ပီးချိန်တွင် ဖုန်းအဝင်ကောလ်လေး တစ်ခုကြောင့် သာယာလှတဲ့ မနက်ခင်းအလှလေးဟာ ပိုမိုပြည့်စုံ သွားခဲ့ရတော့သည် ။

*** မောနီး ကိုယ့်ရဲ့ကောင်လေး ဒီနေ့တော့ စောစောစီးစီး နိုးနေပါလား ***

" ဟုတ်တယ်လူကြီးရ ကျွန်တော်စိတ်တွေ လှုပ်ရှားပီး အိပ်မပျော်တာနဲ့ ထလိုက်တော့တာ ဒီနေ့အတွက် ချောချောမွေ့မွေ့နဲ့ အဆင်ပြေလောက်မှာပါနော် "

*** ဒါပေါ့ဗျ ကိုယ့်ကောင်လေးက သေချာကြိုးစားပီး လုပ်ထားတာမို့ သေချာပေါက် အဆင်ပြေမှာ ကိုယ်ယုံကြည်တယ် အဲ့တာကြောင့် ကောင်လေးလဲ ကိုယ့်အစွမ်းအဆကို ယုံကြည်ရမယ် စိတ်ကိုပေါ့ပေါ့ပါးပါးထား ဘာမှမစိုးရိမ်နဲ့ ကောင်လေးအနားမှာ ကိုယ်ရှိတယ် ***

" အားတွေရှိသွားပီ လူကြီးရယ် ကိုယ့်ကိုယ်ကိုလဲ ယုံကြည်မှုပိုရှိလာတယ် ဒါတွေက သူများ‌တွေ ပြော‌ကြတဲ့ အချစ်ရဲ့ စွမ်းအားတွေများလား မသိဘူးနော် "

*** အချစ်ရဲ့စွမ်းအား သေချာတိကျအောင် ပြောရရင် ခွန်းရတုမောင် ရဲ့ အနာဂတ်ခင်ပွန်းလောင်းဖြစ်တဲ့ ဇေဇိုင်းဟန်သာ ကပေးတဲ့ အချစ်စွမ်းအားတွေပေါ့ဗျ ***

" ကျွန်တော့်အချစ်က ဒါမျိုးတွေလဲ ပြောတတ်တာပဲလားဗျ ကျွန်တော်တော့ လူကြီးရဲ့ တော်ကီတွေအောက်မှာ အချစ်တွေတိုးနေရပါပီ ကျွန်တော်သဘောကျလိုက်တာဗျာ အနာဂတ်ခင်ပွန်းလောင်း ဆိုတဲ့စကားလုံးလေးကို "

*** ကဲကောင်လေး မနက်စာစားဦးနော် ကားကိုလဲဖြေးဖြေးမောင်းခဲ့ အန္တရာယ်ကင်းဖို့က ပထမဦးစားပေးဆိုတာ သိတယ်မလား အလုပ်မှာတွေ့ကြမယ် သိပ်ချစ်တယ်ကလေးငယ် ***

Mg'Lugi Where stories live. Discover now