[Unicode]
" ခွန်းငယ်ကျောင်းသွားဖို့ ကိုကိုနဲ့တခါတည်း မလိုက်မှာသေချာလား "
" ဟုတ် သေချာတယ်ကိုကို ။ စည်းနဲ့ချိန်းထားပီးသားမလို့ပါ ကိုကို "
မီးလေးအမေနဲ့တွေ့ဖို့ ချိန်းထားတာကြောင့် ကိုကိုနဲ့တစ်ခါတည်း မလိုက်ခြင်းဖြစ်သည် ။ ခွန်းတခါတည်းမလိုက်ခဲ့လို့ ကိုကိုပုံကသိပ်တော့မကြည် ။
" အင်းလေ ချိန်းပီးသားဆိုတော့လဲ ဇွတ်မပြောတော့ပါဘူး ။ နှစ်ယောက်ပေါင်း ကျောင်းလစ်မယ်တော့ မကြံနဲ့နော် ခွန်းငယ် "
အကြံတွေကို ကြိုသိနေတဲ့ကိုကို့ကြောင့် ခွန်းငယ်မှာ ဘာဖြေရမှန်းမသိ ။ တံတွေးကိုသာ မြိုချလိုက်မိသည်မှာ ' ဂလု ' ခနဲ ။
" မကြံပါဘူး ကိုကိုကလဲ ဟဲဟဲ …… "
" အဲ့ဒီ ဟဲဟဲ … ကိုပဲမယုံတာ ။ ခွန်းငယ်နော် ရုပ်ကိုက ကျောင်းလစ်တဲ့ကလေး အမေမိသွားတဲ့ရုပ်နဲ့ "
အမေမိသွားတဲ့ရုပ်တော့ ခွန်းမသိချေ ။ ကိုကို့ဆီမှာမိသွားခဲ့ရင် ခွန်းကတော့ အသီးပုတ်မရတဲ့ကြွက်စုတ်လို ဖြစ်နေမှာသေချာသည် ။ ရှုံ့တွတွနဲ့ပေါ့ ။ ကိုကို ဆေးရုံကပြန်ရောက်တဲ့နေ့ကစ တစ်နေ့ကို ဆယ်ကြိမ်ထက်မနည်း ခွန်းအဆူခံထိနေသည် ။ ' ခွန်းငယ် ရေချိုးတာခုထိမပီးသေးဘူးလား ကိုကိုလာရိုက်ရမလား ' ။ ' ခွန်းငယ်တို့ကတော့ ကိုကိုတရက်လောက်အနားမရှိလိုက်တယ် စည်းကမ်းတွေပျက်နေတာ နာတော့မယ် ' စတဲ့ဆူပူသံများ လွှမ်းမိုးနေလေတော့သည် ။ ဆေးရုံကဆင်းမှ အကြားအမြင်ပါရလာတဲ့ ကိုကိုကြောင့် ခွန်းမှာ လူ ' အ ' ကြီးလို တ ' အင် ' အင် ' ဖြစ်နေရသည် ။
" ခိ … ခိ … ဖေငယ့်မျက်နှာက ဒယ်ဒီပြောတဲ့ရုပ်လေးနဲ့ ခိ … ခိ "
" မီးလေးနော် ဖေငယ့်ကို လှောင်တာလား ။ အဲ့တာကိုကို့ကြောင့် ဟွန့် "
" အဲ့နှုတ်သီးခေါက်ခံရမယ်နော် ခွန်းငယ် ။ ကိုကိုက ခွန်းငယ်ထက် အသက်တစ်လံလောက်အစွန်းပိုထွက်တယ်ဆိုတာ သိထား "
YOU ARE READING
Mg'Lugi
Romansaချစ်ခြင်းတွေစတင်ကြမဲ့နေ့ရက်လေးတွေဆီကိုတဆင့်ခြင်းသွားကြည့်ရအောင်မောင့်လူကြီးရေ Start date - 12.11.2022 End date - 18.6.2023 Both U+Z ( completed )