Chapter 14

1.4K 60 7
                                    


လူကြီး နဲ့   ချစ်သူတွေ  ဖြစ်သွား  ပီဆိုတဲ့ အကြောင်း  သူငယ်ချင်းများကို   ကြွားဖို့   ခွန်း  group chat  ထဲတွင်   v call   ခေါ်လိုက်သည် ။

*** အေး  ပြော  သားကြီး  ဘာလို့လဲ ***

" ငါ   မင်းတို့ကို   ပြောစရာရှိတယ်ကွ  အဟီးးးး အဲ့တာကလေ ... အဲ့တာက  ဘာလို့  ထင်လဲ  မှန်းကြည့်ကြ  "

*** ကဲ   ငခွန်း   အိုက်တင်ခံ မနေနဲ့  ပြောမှာကို ပြော  ရုပ်ကဖြင့်  မှိုရထားတဲ့  မျက်နှာကြီး
နဲ့ကိုများ   မြန်မြန်ပြော   ခြယ်လဲ   ပြောစရာရှိတယ် ***

" အဲ့ဆို   မနက်ဖြန်  တစ်နေရာရာမှာ  ချိန်းပီး အေးဆေး  ပြောကြမယ်လေ  ငါတို့လဲ  မတွေ့ရတာ  ကြာသွားပီကို  ဘယ်လိုလဲ "

*** အင်း  ကောင်းသားပဲ  ဘယ်မှာ  တွေ့ကြမလဲ အဲ့ဆို ***

*** မကောင်းဘူး  ငါ  အပြင်သွားလို့မရဘူး  ***

" ဘာလို့လဲ   စည်းရ    မင်းသူငယ်ချင်းက   ပျော်စရာတွေ  ဝေမျှချင်လို့ပါဆို   ဒါနဲ့   မင်း  ငိုထားတာလား "

*** အေး  ဟုတ်ပ  နေမကောင်းဘူးလား  စည်း ဘာလို့လဲ  ခြယ့်ကို  ပြော ကိုလေး ဆူလို့လား ***

*** ခြယ်  နင်နောက်ဆို  ဗေဒင်ဟောစား  ပါလား တအား  မှန်တာပဲ   ဆူရုံလောက်နဲ့  ငါ  မငို ပါဘူးဟာ  ခုဟာက  ကိုလေးက  ငါ့ကို  သူ့စိတ်ကြိုက်လဲ  ရိုက်ပီးပီကို  ငါ့ကို  စကား မပြောဘူးဟာ ***

" မင်းက  ကိုလေး  မကြိုက်တာ  ဘာလုပ်လိုက်မိ လို့လဲ  စည်းရာ "

*** အင်းးး..... ဖြစ်ပုံကတော့   ဒီလို  ဟ ***

" ဟေ့   စည်း   လက်ထဲမှာလဲ  မုန့်တွေ  အစုံပါ့လားကွ  ဘာလဲ  အလှူ လုပ်မလို့လား "

" အာ  ကိုဂွေးမဲ  ကလဲ   နောက်ပီဗျာ  ကျွန်တော် စားဖို့ပါဗျ  ကိုလေး  အလိုလိုက် တုန်းလေး  ဝယ်ထားရတာ  သိရဲ့သားနဲ့ ...  ဒါနဲ့   ကိုဂွေးမဲ  ဒီ backhoe  လေးက  မိုက်လှချည်လားဗျ  သေးသေးလေးနော် "

" ဟုတ်တယ်ကွ  ဒါလေးက  အိမ်သုံး  တစ်နိုင်သုံးဖို့  ငါဝယ်ထားတာကွ  ဘယ်လိုလဲ  မိုက်တယ်
မလား   ပြောရဦးမယ်  မင်းကို  ငါ  အဲ့နာမည်
  မခေါ်ပါနဲ့   ပြောထားတာ  အခါတစ်ရာ  နီးပါး  ရှိနေပီနော်  မေပေးလေး "

Mg'Lugi Where stories live. Discover now