" ဒယ်ဒီ့ကို ကြက်မွှေးသွားယူပေးမလား မီးလေး "" ဟုတ်ကဲ့ ဒယ်ဒီ "
" ကိုကို့ အဲ့လိုကြီး ရက်စက်တော့မှာလား "
" ကိုကြီး ကြက် ... ကြက်မွှေးကြီးနဲ့ ရိုက်တော့မလို့လား ။ ညီမလေးကို မချစ်တော့ဘူလား ဟင် ။ တခါလေးပဲ ခွင့်လွှတ်ပေးပါနော် နောက်ထပ်မလုပ်တော့ပါဘူး "
" ကိုကိုမကြိုက်ရင် နောက်မဆော့တော့ပါဘူး ကြက်မွှေးကြီးနဲ့တော့ မရိုက်ပါနဲ့နော် .. နော်လို့ ကိုကို့ "
အရိုက်မခံရဖို့အရေး အသနားခံနေကြတဲ့ ကလေးနှစ်ယောက်ကို ဇိုင်း သနားချင်သော်လဲ သနားလို့မရ ကလေးပိစိလေးတွေမို့ ဒီလိုလုပ်လိုက်ရင် နောက်ဆက်တွဲဖြစ်လာမဲ့ အရာကိုနားမလည်လို့ဆို လက်ခံနိုင်သည် ။ နားလည်နိုင်တဲ့အရွယ်လဲရောက်နေပီကို ကိုယ့်ကျန်းမာရေးကို ထည့်မတွေးကြတာလောက် ဇိုင်းစိတ်ဆိုးတာမရှိ ။
" ဒယ်ဒီ တီလေးနဲ့ ဖေငယ်ကို လိမ္မာအောင်လုပ်ဖို့ ကြက်မွှေးချောင်းယူခဲ့ပီ "
" ကိုကြီးက ရေဆော့တာလေးကို အပြစ်ကြီးလုပ်နေတယ်လို့ တွေးနေကြတယ်မလား ။ ရေဆော့တာထက် ခွန်းငယ် နဲ့ ခြယ် ဆင်ခြင်တုံတရားနည်းပါးလို့ ၊ အသိနည်းလို့ ကိုကြီးစိတ်တိုတာ "
" .............. "" မင်းတို့ကတော့ ရေဆော့ရလို့ပျော်နေကြပေမဲ့ အဲ့မြင်ကွင်းကို မြင်လိုက်ရတဲ့အချိန် ကိုကြီးဘယ်လောက်တောင် စိတ်ပူသွားခဲ့ရလဲ သိလား ။ ဖျားနာကြရင် မင်းတို့လဲပင်ပန်းရသလို ကိုကြီးလဲစိတ်ပင်ပန်းတယ် "
ဒီလောက်ပြောနေတာကို အပြစ်ကိုသိပုံမရသေးဘဲ ပေကပ်ကပ်လုပ်နေတဲ့ နှစ်ယောက်ကို ဇိုင်း စိတ်ရှိလက်ရှိသာ ထကျွေးလိုက်ချင်တော့သည် ။
" ကိုကြီးဒီလောက် ပြောနေတာကို ဘာအမှားလုပ်မိလို့လုပ်မိတယ် မသိသေးဘူးလား ခြယ် ၊ ခွန်းငယ် "
" ခြယ် သိပါပီ ကိုကြီး "
" ခွန်းလဲ သိပါပီ ကိုကို ။ ခွန်း တို့နေပူကျဲကျဲမှာ ရေမကစားခဲ့သင့်ပါဘူး ဟတ် ... ဟတ်ချိုး ! "
YOU ARE READING
Mg'Lugi
Lãng mạnချစ်ခြင်းတွေစတင်ကြမဲ့နေ့ရက်လေးတွေဆီကိုတဆင့်ခြင်းသွားကြည့်ရအောင်မောင့်လူကြီးရေ Start date - 12.11.2022 End date - 18.6.2023 Both U+Z ( completed )