chapter 36

1.2K 86 29
                                    

[Unicode]

အသက်ရှူသံများမှလွဲ တိတ်ဆိတ်နေသည့်အခန်းထဲတွင် ခွန်းတို့သုံးယောက်မှာ စီရင်ချက်ချခံရတော့မဲ့ အပြစ်သားများသဖွယ် ။ ရှေ့တည့်တည့်တွင်ရုပ်တည်ကြီးဖြင့်ရပ်နေသော ကိုကြီးရှားရဲ့‌နာဖို့သာပြင်ထားဆိုတဲ့ အကြည့်များနှင့်လဲရင်ဆိုင်နေရသည် ။

* ဒေါက် ... ဒေါက် * စည်းချက်ကျစွာထွက်ပေါ်လာတဲ့တံခါးခေါက်သံအဆုံး သုံးယောက်သား‌တွန့်ခနဲဖြစ်သွားရသည် ။ အကြောင်းကတော့ ကြီးမေလာပေးသွားတဲ့ ကိုကြီးရှားလက်ထဲမှာကိုင်ထားတဲ့ မနေ့မှ ခွန်းကိုယ်တိုင် ရှယ်ရွေးဝယ်လာတဲ့ အသစ်စက်စက် ကြက်မွှေးကြီးကြောင့်ပေါ့ ။

" ခွန်းငယ် နဲ့စည်း နောက်တစ်ခေါက်ထပ်မေးမယ် အခုအပြစ်ခံချင်တာသေချာလား ။ မတော်တဆ မင်းတို့သက်ဆိုင်သူတွေ သိသွားလို့ထပ်ကျွေးခံရရင် နှစ်ခါနာမှာနော် "

ကိုကြီးရှားစကားကြောင့် နှစ်ယောက်သားခပ်တွေတွေဖြစ်သွားပီး တစ်ယောက်နဲ့တစ်ယောက်မျက်လုံးချင်းစကားများပြောကာ ဆုံးဖြတ်လိုက်သည်က အခုအပြစ်ခံချင်ပါသည်တဲ့ ။
ဒီကိစ္စကို ကိုကြီးရှား နဲ့ကြီးမေသာပြန်မပြောရင် ကိုကို နဲ့ ကိုလေး သိနိုင်မည်မဟုတ် ။ ခွန်းတို့ဆီကနှုတ်ထွက်အဖြေကို ကြားပီးတဲ့နောက်မှာတော့ လက်ထဲကကြက်မွှေးကို ဆရင်းဆိုလိုက်သည်က .....

" ဒါမျိုးခိုးလုပ်နေတာ ဘယ်နှကြိမ်မြောက်ရှိနေပီလဲ ကလေးတွေ "

" ဒါပထမဆုံးပါ ကိုကြီးရှား "

စည်း‌အဖြေနောက်မှာ သေချာရဲ့လားဆိုတဲ့အကြည့်တစ်ချက်ကပ်ပါလာသည်မို့ ခွန်းနဲ့ခြယ်ပါ ဟုတ်မှန်ကြောင်း ဖြေရှင်းလိုက်ရသေးသည် ။

" ပထမဆုံးအကြိမ်စမ်းဘူးတာပါ အတည်ပြောတာ မလိမ်ဘူးရယ် ။ ဝအောင်တောင်မစမ်းလိုက်ရသေးဘူး ကိုကြီးရှားဆီမိသွားတာပါပဲဗျာ "

" ရတယ်လေ ဝအောင်စမ်းချင်သပဆိုရင် ဒီvape pen နဲ့အတူမင်းကို ဇိုင်းလက်လွှဲပေးလိုက်မယ်လေ ဘယ်လိုလဲ ခွန်းငယ် "

" ဟီး ... ခွန်းကစတာကို ကိုကြီးရှားကလဲ ။
ဝသွားပီ .... ဝတာမှ ထပ်ကိုမမြင်ချင်တော့တဲ့အထိပဲ "

Mg'Lugi Where stories live. Discover now