" ခြယ် မှုန်း နံ့ သာ ! "
ညနေစာချက်ဖို့ မေလေးကို ဟင်းရွက်ကူချွေပေးနေစဉ် မီးဖိုခန်းထဲလာပီး ခါးကြီးထောက်ကာ ခြယ့်နာမည်ကို တစ်လုံးချင်း မာန်ပါပါခေါ်လိုက်ခြင်းဖြစ်သည် ။ Mine အသံကြောင့် ခြယ့် ခန္ဓာကိုယ်လေး ' ဆတ် ' ခနဲတုန်တက်သွားပီး လက်ထဲရှိ ကန်စွန်းရိုးလေးပါ ပြုတ်ကျသွားတော့သည် ။ မေလေးမှာလဲ ယောင်းမကြီးကိုင်ကာ ' မြတ်စွာဘုရား ' ဟု တမိသည်အထိပင် ။
" ရှ … ရှင် Mine ဘာဖြစ်လို့လဲ ဟင် "
မေးသာမေးရတာ ခပ်လန့်လန့်ပင် ။ Mine ပုံကအတော်လေး စိတ်တိုနေပုံပေါ်သည် ။ ခြယ်ဆယ်တန်းတုန်းက လပတ်စာမေးပွဲမှာ ရူပတစ်ဘာသာကျလို့ စိတ်တိုနေသည့် ကိုကြီးရှားကို ပြန်မြင်နေရသလိုပင် ။ အဲ့အချိန်ကို ပြန်တွေးလိုက်ရင် ဒူးဆစ်များချောင်လာသလို ခံစားရသည် ။
" ဘာဖြစ်လို့လဲ ဟုတ်လား ။ ကိုယ်ဘာလုပ်ထားလဲ ကိုယ်မသိဘူးလား "
" ခြယ် … ဘာမှမလုပ်မိပါဘူး "
" ဘာ ! "
" ဟဲ့ ထင်ရှားမာန် မျက်လုံးကြီး ပြူးပြူးပီး ဘာလို့အော်နေရတာလဲ ။ သမီး မပြောနဲ့ ငါတောင် လန့်တယ် ။ ပြောစရာရှိ အေးဆေးပြောလေ "
" မာမီ့သမီး လုပ်ပုံဟုတ်မှမဟုတ်တာ "
" ငါ့သမီးက ဘာလုပ်နေလို့လဲ "
" မာမီ မေးနေတယ် ဖြေလိုက်လေ ခြယ်မှုန်းနံသာ "
" မသိဘူးလေ ခြယ်လဲ "
" ဘာ ! "
မသိလို့ မသိဘူးပြောတာကို တ ' ဘာ ' ' ဘာ ' အော်နေတဲ့ Mine ကြောင့် ခြယ့်မှာ မေလေးအနား ပြေးကပ်လိုက်ရသည် ။
" ဟင့် … ခြယ် ဘာလုပ်မိလို့လဲ "
" အေး … ရတယ် ပြောပြမယ် ။ မာမီ အချောသတ်ထားတဲ့ ဝါးခြမ်းတွေ ဘယ်နားမှာလဲ "
" Mine ! "
' ဝါးခြမ်း ' ဆိုတည်းက ခြယ့်အတွက်ဆိုတာ သေချာနေပီမို့ ကြောက်လန့်တကြား အော်လိုက်မိသည် ။ Mine ကို နေရာမပြောပြရန် မေလေးကို သနားစဖွယ် မျက်ဝန်းလေးများနှင့် အသနားခံနေရသည် ။
YOU ARE READING
Mg'Lugi
Romanceချစ်ခြင်းတွေစတင်ကြမဲ့နေ့ရက်လေးတွေဆီကိုတဆင့်ခြင်းသွားကြည့်ရအောင်မောင့်လူကြီးရေ Start date - 12.11.2022 End date - 18.6.2023 Both U+Z ( completed )