" ကလေး ထတော့လေကွာ မနက်စာစားရအောင် "" အင့် ... ခွန်း နေလို့မကောင်းဘူးကိုကို "
ကလေးငယ်နဖူးထက် လက်တင်ကာစမ်းကြည့်လိုက်တော့ ခပ်နွေးနွေးလေး ဖြစ်နေသည် ။ မနေ့ညက နောက်ကျမှ ရေချိုးခေါင်းလျှော်ပီး air -con ဖွင့်အိပ်လိုက်တာကြောင့် ဖြစ်မည် ။
" နည်းနည်းနွေးနေတယ် ကလေးဘာစားချင်လဲ ကိုကိုပြင်ပေးမယ် "
" နို့တစ်ခွက်ပဲသောက်တော့မယ် ကိုကို ။ လည်ချောင်းတွေနာနေလို့ မစားချင်ဘူး "
" လည်ချောင်းနာသက်သာစေမဲ့ မနက်စာကိုကိုပြင်ပေးမယ် စားမယ်မလား ကလေး "
" ဟုတ်ကဲ့ ကိုကိုလုပ်ကျွေးတာဆို အကုန်စားမယ် ဗျ "
" လိမ်မာလိုက်တာ ခဏလေးစောင့်နော် "
လည်ချောင်နာနေတဲ့အချိန် စားဖို့အသင့်ဆုံးဖြစ်တဲ့ မုန်လာဉနီကို ဖျော်ရည်လုပ်ပေးရန် အရင်ပြုတ်ထားလိုက်သည် ။ ဉနီကို မပြုတ်ဘဲအစိမ်းစားမယ်ဆိုရင်တော့ ရလဒ်ကဆန့်ကျင်ဘက်ဖြစ်ကာ လည်ချောင်းပိုနာလိမ့်မည် ။ ဉနီပြုတ်ထားချိန် အစာမျိုချရတာလွယ်ကူပီး အစာကြေလွယ်တဲ့အပြင် ရောင်ရမ်းမှုကိုသက်သာစေသည့် ကြက်ဉကိုမွှေကြော်လေး ကြော်ဖို့လုပ်ရပြန်သည် ။
" မွှေးနေတာပဲ ကိုကြီးရာ ဘယ်သူ့အတွက်လဲဟင် သေချာတာတော့ ခြယ့် ဖို့မဟုတ်လောက်ဘူး "
" ခွန်းငယ် လည်ချောင်းနာနေတယ်ဆိုလို့ ။ ကိုကြီးညီမလေး စားချင်ရင်လဲ လုပ်ကျွေးမှာပေါ့ဗျ "
" ဟိုလေ ကိုကြီး နောက်သုံးရက်နေ ကျောင်းတွေပြန်ဖွင့်ပီဆိုတော့လေ ခြယ် ပြင်ဆင်စရာလေးတွေ ပြင်ဆင်ချင်လို့ အဲ့တာ ..... "
" ခြယ် ဘာလိုလို့လဲ ကိုကြီးကို ပွင့်ပွင့်လင်းလင်းပြောလေ "
" အဲ့တာ ခြယ် ဒီနေ့တစ်ရက်အလုပ်နားချင်လို့ "
" အော် ဘာများလဲလို့ ။ ဒီတစ်ရက်ပဲ အလုပ်တက်ရက်ကျန်တော့တာမလို့ နားလိုက်တော့လို့ စည်းကိုတောင် ပြောလိုက်သေးတယ် "
YOU ARE READING
Mg'Lugi
Romansaချစ်ခြင်းတွေစတင်ကြမဲ့နေ့ရက်လေးတွေဆီကိုတဆင့်ခြင်းသွားကြည့်ရအောင်မောင့်လူကြီးရေ Start date - 12.11.2022 End date - 18.6.2023 Both U+Z ( completed )