" ဟဲလို ... ဟုတ်ပါတယ် ကျွန်တော်သုတကိုကိုပါ ။ ဗျာ ! .... ဟုတ်ကဲ့ အခုလာခဲ့ပါ့မယ်ဗျ "ကိုလေး စာအုပ်ထိုင်ဖတ်နေတုန်း အုပ်ချုပ်ရေးမှူးရုံးမှ ဖုန်းဝင်လာခဲ့သည် ။ ညီညီ ဖဲဝိုင်းမှာရန်ဖြစ်လို့ အုပ်ထိန်းသူ ခေါ်ဆိုခြင်းကြောင့် အမြန်လိုက်သွားရသည် ။ တစ်လမ်းကျော်ဆိုတော့ သိပ်တော့မဝေး လာရာလမ်းတစ်လျောက် ညီညီဘယ်နားများထိခိုက်သွားလဲဆိုတာသာ တွေးပူနေမိသည် ။ အုပ်ကြီးရုံးခန်းထဲတွင် ညီညီ ၊ ထူးမောင်နဲ့ တခြားလူငယ်လေး 3ယောက်လဲရှိသည် ။ ညီညီ နဲ့ ထူးမောင်ကလွဲ တခြားကလေးတွေမှာ ဒဏ်ရာများနှင့်ပင် ။ အတ္တကြီးတယ်ပဲဆိုဆို ချစ်ရသူဘေးကင်းတာမြင်ရတော့ အနည်းငယ်စိတ်သက်သာသွားရသည် ။
" မောင်သုတ ရောက်လာပီလား ။ အဖြစ်ကတော့ မင်းမြင်တဲ့အတိုင်းပဲကွာ ။ နာရေးအိမ်မှာဖဲရိုက်ရင်း ဖြစ်ကြတာဆိုတော့ အိမ်ရှင်လဲအားနာစရာကောင်းတယ် သရုပ်လဲပျက်တာပေါ့ကွာ "
" အချိန်မတော် လူကြီးတွေကို အလုပ်ရှုတ်စေမိလို့တောင်းပန်ပါတယ်ဗျ ။ ကျွန်တော့်ကလေးကို သေချာဆုံးမလိုက်ပါ့မယ် ။ ဒီကကလေးသုံးယောက်အတွက်လဲ ကျွန်တော်တာဝန်ယူပါတယ်ဗျ "
" ဘာမှတောင်းပန်စရာ ၊ တာဝန်ယူစရာ မလိုဘူးကိုလေး "
" မင်းပါးစပ်ကိုပိတ်ထားလိုက် မင်း! စည်း !ဇိမ် ! မင်းနဲ့ငါ အိမ်ရောက်မှသပ်သပ်ရှင်းမယ် "
" ကဲ ဟိုကလေးသုံးယောက်ရော ကျေနပ်ကြရဲ့လား "
ညီညီနဲ့မတိမ်းမရိမ်းအရွယ် ကလေးသုံးယောက်မျက်နှာများမှာ ဖူးယောင်နေကြသည် ။ တစ်ယောက်က လက်မှာပတ်တီး ဖွေးဖွေးကနေရာယူထားပီး ၊ နောက်တစ်ယောက်က ခေါင်းနှစ်ချက်ချုပ်လိုက်ရသည်တဲ့ ။ အုပ်ချုပ်ရေးမှူးစကားအဆုံး ထိုကလေးသုံးယောက်မှာ တစ်ညီတစ်ညွတ်တည်း ခေါင်းငြိမ့်ခဲ့ကြသည် ။
" ကဲ သူတို့ကလဲ ကျေနပ်တယ်ဆိုတော့ ဒီမှာလက်မှတ်ထိုးပီး အိမ်ပြန်ခေါ်သွားလို့ရပါပီကွယ် "
YOU ARE READING
Mg'Lugi
Romansaချစ်ခြင်းတွေစတင်ကြမဲ့နေ့ရက်လေးတွေဆီကိုတဆင့်ခြင်းသွားကြည့်ရအောင်မောင့်လူကြီးရေ Start date - 12.11.2022 End date - 18.6.2023 Both U+Z ( completed )