" တီတီလေး တီတီလေးရေ ထတော့ အလုပ်သွားရဦးမယ်ဆို "" အင့်းးး ထပါပီ ချစ်တူမလေး ရဲ့ မွ တီတီ သန့်ရှင်းရေး လုပ်ပီး ဆင်းခဲ့မယ်နော် အလိမ်မာတုံးလေး အပြန်လဲ မုန့်တွေ ဝယ်လာခဲ့မယ် "
" ရေးးး..... တီတီလေး ကို အချစ်ဆုံးပဲ ဦးဦးရှား ကို တွေ့ရင် စနိုးလေးကို အရုပ် ဝယ်ပေး မယ်ဆိုတာ မေ့နေပီလားလို့ ပြောပေးပါဦး "
" တွေ့ရင် တီလေး ပြောလိုက်မယ်နော် "
မနေ့က ပြန်ရောက်တည်းက ခြယ် နေမကောင်းဘူး ဆိုကာ အခန်းထဲက မထွက်ခဲ့ ကိုကြီး လာကြည့်တော့လဲ မေးခွန်းများ မဖြေလိုသည့် အတွက် ခြယ် အိပ်ချင်ယောင် ဆောင် နေခဲ့လိုက်သည် ။ ကိုကြီးရှား သာ ပျော်နေမယ်ဆို ခြယ်လဲ ထပ်တူ ဝမ်းသာပေးပါ့
မယ် ။ ကိုကြီးရှား အတွက် ခြယ့်ရဲ့ အချစ်တွေက ဘယ်တော့မှ ပျောက်ဆုံးသွားမှာ မဟုတ်လို့ အဝေးကနေပဲ ချစ်နေပေးပါ့မယ် ။" မောနီး ကိုကြီး ခြယ် အလုပ်ကို အတူတူလိုက်ခဲ့လို့ ရမလားဟင် "
" ရတယ်လေ လိုက်ခဲ့ နေလို့ရော ကောင်းသွားပီလား ခြယ် ။ ဘာလို့ ကလေးလေးလို ပြုမူနေရတာလဲ ကိုကြီး ညီမလေးက မသေချာတဲ့ ထင်မြင်ချက်လေး တစ်ခုနဲ့ လွယ်လွယ် လဲပြိုကျ သွားတတ်တဲ့ လူမျိုးလား ၊ စဉ်းစား ဆင်ခြင် နိုင်စွမ်း နည်းပါးတဲ့ လူလား ၊ ကိုကြီး သင်ပြ ခဲ့တာတွေက ဘဝမှာ ဘယ်လို စိန်ခေါ်မှုတွေပဲလာလာ ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ဖို့ ။ မိန်းမသားမို့ အားနွဲ့ပေမဲ့ စိတ်ဓာတ်ခွန်အား ကတော့ သန်မာတဲ့ အမျိုးသမီးလေး တစ်ယောက် ဖြစ်စေချင်ခဲ့တာ ။ နှလုံးသားနဲ့ ဦးနှောက်ကို ချိန်ညှိ နိုင်တဲ့ လူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ ။ ဒီလောက်ဆို ကိုကြီး ပြောချင်တာကို ခြယ် နားလည်မယ် ထင်တယ် "
" ကိုကြီး..... ခြယ် ... တောင်းပန်ပါတယ် ။
ခြယ့်ကို စိတ်ပျက် သွားပီလားဟင် "" ကိုကြီး ညီမလေးကို ဘယ်တော့မှ စိတ်မပျက်ဘူး လူဆိုတာ အမှားနဲ့မကင်း ပါဘူး ခြယ် မှားနေရင်တောင် ကိုကြီးက အဲ့အမှားတွေကို ထောက်ပြပီး ဆုံးမပေးမယ် ။ ခုကိစ္စ မှာ ခြယ် ဘယ်နေရာမှားလဲ ဆိုတာ ကိုယ့်ကိုယ်ကို ပြန် သုံးသပ် ကြည့် ဟုတ်ပီလား "
YOU ARE READING
Mg'Lugi
Romansaချစ်ခြင်းတွေစတင်ကြမဲ့နေ့ရက်လေးတွေဆီကိုတဆင့်ခြင်းသွားကြည့်ရအောင်မောင့်လူကြီးရေ Start date - 12.11.2022 End date - 18.6.2023 Both U+Z ( completed )