" ဦးဦးခွန်း မီးမီး စာကျက်ချင်တော့ဘူ ဆော့ရအောင်လေနော် "" မရဘူးလေ စနိုးလေးရဲ့ ဒယ်ဒီက စာရမှ ဆော့ရမယ်လို့ ပြောသွားတယ်လေ ပြန်လာလို့ စာမရရင် ဦးဦးခွန်းတို့ နှစ်ယောက်လုံး ဆူခံနေရလိမ့်မယ်လေ "
" ဦးဦးခွန်းကလဲ ခဏလေးပဲလေလို့ နော်.....နော် ဒယ်ဒီ ပြန်မလာခင် ရအောင်
ကျက်ပါ့မယ် "" အင်း..... ဟုတ်ပါပီ ခဏပဲဆော့ရမယ် ကတိနော် ငချွဲမလေး "
" ကတိ ....... အဲ့ကြောင့် ဦးဦးခွန်းကို ချစ်နေရတာ "
ဖခင်ရှေ့တွင်တော့ စကားနားထောင်စွာ စာကျက်ပြနေတဲ့ ကလေးမက ဖခင်လဲ ထွက်သွားရော သူမဟုတ်တဲ့အတိုင်း စာမကျက်ရရေး ဒို့အရေးဟုသတ်မှတ်ပီး ခွန်း အနားကပ်ကာ ချွဲစိန်လုပ်လေတော့သည် ။ ခွန်းငယ်ငယ်က လုပ်နေကြ အကွက်တွေ ဆိုတော့လဲ ကလေးအကြောင်း ကလေးချင်းပဲ နားလည်ဆိုသလို နဂိုတည်းကမှ အရည်ပျော်ချင်နေတဲ့ ခွန်းက စနိုး တစ်ခွန်း နှစ်ခွန်း ချွဲရုံမျှနှင့်ပင် သဘောတူလိုက်လျော ပေးလိုက်မိသည် ။ လူကြီးက အလုပ်ပါတနာ တစ်ယောက်နဲ့ သွားတွေ့တာဆိုတော့ အနည်းဆုံး မကြာပါဘူးဆို တစ်နာရီလောက် ကြာနိုင်တယ် ပြန်လာရင်လဲ ကားသံကြားရမှာဆိုတော့ ဘာမှမဖြစ်လောက်ပါဘူး ဟုတွေးရင်း ကလေးပေါက်စနဲ့ ကလေးကြီးတို့ရဲ့ ကစားပွဲလေး စတင်လိုက်ကြတော့သည် ။
" ဘာတိုင်းဆော့ကြမလဲ စနိုးလေး ခြံထဲဆင်း ဘောလုံးကန်ကြမလား "
" မီးမီးတို့ ပန်းချီဆွဲရအောင်လေ ဦးဦးခွန်း "
" အင်း ဆွဲမယ်လေ စာအုပ်နဲ့ ခဲတံ ယူလိုက် "
" စာအုပ်ထဲမှာ မဆွဲချင်ဘူး ဒီနံရံပေါ်မှာ ဆေးနဲ့ဆွဲချင်တာ "
" ဆေးမှမရှိတာ ဦးဦးခွန်းတို့မှာ နောက်ပီး နံရံပေါ်ဆွဲရင် စနိုးဒယ်ဒီ ပြန်လာတဲ့အခါကျ စာမကျက်ဘဲ ဆော့နေတယ်ဆိုတာ သိသွားမှာပေါ့ "
" မီးမီးမှာ ဆေးရှိတယ် ဦးဦးခွန်း ခဏလေးစောင့် သွားယူလိုက်ဦးမယ် "
YOU ARE READING
Mg'Lugi
Romanceချစ်ခြင်းတွေစတင်ကြမဲ့နေ့ရက်လေးတွေဆီကိုတဆင့်ခြင်းသွားကြည့်ရအောင်မောင့်လူကြီးရေ Start date - 12.11.2022 End date - 18.6.2023 Both U+Z ( completed )