Chapter 3

1.9K 67 11
                                    


" တစ်နေကုန်   ဘယ်တွေသွား   လယ်ယာပြန်စား
ရေးလုပ်ပီး  ပြန်လာတာလဲ   ခွန်းရတုမောင်"

"ဒယ်ဒီ  နေဝင်တုန်းက  အရှေ့ဘက်ကနေများ 
ဝင်သွားတာလား   မာမီက   ထူးထူးဆန်းဆန်း 
ဒီနေ့မှ  ကျွန်တော့်ကို  စိတ်ဝင်စားနေပါလား"

"ခွန်းရတုမောင်   ငါ  မင်းကိုမွေးထားတဲ့အမေနော် ငါ့ကို   ရွဲ့သလိုလို   ခနဲ့သလိုလို   လာမပြောနဲ့ ငါလဲ   အားယားနေလို့   မေးတာမဟုတ်ဘူး  မင်းအတန်းတွေ   မတက်ဘူးလို့   ဖုန်းဆက်တိုင်လို့  အမေတစ်ယောက်အနေနဲ့   သိထားသင့်လို့  မေးတာ   "

"တာဝန်အရ   မေးတာလား   မာမီ   စိတ်ချပါ 
ကျွန်တော့်ကြောင့်တော့   မာမီ  သိပ်တန်ဖိုးထားတဲ့   ဂုဏ်သိက္ခာတွေ    မကျစေရပါဘူး"

"ကျွန်တော်  အပေါ်တက်တော့မယ်  ဒယ်ဒီ  ခွင့်ပြုပါဦး "

"ကိုမောင်  ရှင့်သားအချိုးတွေ  မြင်ရဲ့လား
ကျွန်မကို  ဘယ်လိုဆက်ဆံသွားလဲ  မြင်လား အဲ့တာတွေက  ရှင့်အမေကြောင့်  ဖြစ်ရတာ  ရှင့်အမေကြောင့်  သိရဲ့လား"

"အမေ့ကိုပဲ   အပြစ်တင်နေတာလား   သီရိခက်
ဒီပြဿနာတွေ  အားလုံးရဲ့  အရင်းခံက  မင်းဆိုတာရော မတွေးမိဘူးလား"

"ဘာ ကျွန်မကြောင့်  ဟုတ်လား  ကျွန်မ  ဘာတွေများလုပ်နေလို့လဲ "

"ဘာမှမလုပ်လို့‌‌ေပါ့ကွ  မင်းဘယ်တုန်းကများ  သားခွန်းအပေါ်ကို   မိခင်တစ်ယောက်လို  ကြင်ကြင်နာနာ  ဆက်ဆံပေးခဲ့လဲ  အချိန်ပေးခဲ့လဲ 
သားဒီနေ့  ထမင်းစားလား  မစားလားတောင်   မင်းသိခဲ့လို့လား တစ်နေ့တစ်နေ့  မင်းအလုပ်နဲ့မင်းပဲ အချိန်ကုန်နေခဲ့တာ "

"ကျွန်မ  ရှေ့ကနေ  ခုလိုငွေရှာနေလို့  ရှင်တို့ခုလို ပြည့်ပြည့်စုံစုံနေနေရတာလေ  ရှင့်ရဲ့သာမာန်ဆရာဝန်  လစာလေးနဲ့  ခုလိုနေနိုင်မယ်များ ထင်နေလို့လား "

"သားသမီးဆိုတာ  မိဘရဲ့နွေးထွေးကြင်နာမှုကို
လိုတာကွ  အထူးသဖြင့်  မိခင်ရင်ငွေ့ကိုပိုလိုအပ်တာကွ  မင်းရှာနေတဲ့ငွေတွေမဟုတ်ဘူး  သားခွန်းမင်းကိုဘယ်လောက်ချစ်လဲ မင်းသိလား သူဝါသနာပါတဲ့  ဆေးလိုင်းကို  မင်းရဲ့ စကားတစ်ခွန်းတည်းနဲ့ ပယ်ချပစ်ပီး မင်းစိတ်တိုင်းကျ စီးပွားရေးတက်ခဲ့တာ   အရာရာမှာ  မင်းဆန္ဒကိုပဲ ရှေ့တန်းတင်မနေနဲ့  သားရဲ့ခံစားချက်ကို  မြင်တတ်အောင်ကြိုးစားကြည့်ဦး"

Mg'Lugi Where stories live. Discover now