မျက်နှာပေါ်ကို ကျရောက်နေတဲ့နေရောင်နွေးနွေးက အိပ်ယာထသင့်ပြီဖြစ်ကြောင်းအချက်ပြနေပေမယ့် မျက်လုံးမဖွင့်ခင် ပထမဆုံးအနေနဲ့
ညမအိပ်ခင်တုန်းက ပြူတင်းတံခါးကို သေသေချာချာပိတ်ခဲ့တယ်ဆိုတာ ဂျောင်ဂုအမှတ်ရသွားတယ်။ကြည့်ရတာ ချောင်နေတဲ့ တံခါးချက်ကြောင့် ပြူတင်းတံခါးပွင့်သွားတာဖြစ်လိမ့်မယ်ထင်တယ်။ခဏလောက်လှဲချင်နေသေးပေမယ့်လည်း ရေသယ်ပေးဖို့ရယ်၊ တံမြက်စည်းလှဲဖို့ရယ်၊ ဘုရားဝတ်ပြုဖို့ရယ် ရှိနေသေးတာကြောင့် သူအိပ်ယာထမှဖြစ်တော့မယ်ဆိုတဲ့အတွေးနဲ့မျက်လုံးကို
ဖွင့်လိုက်တော့ စူးရှစွာတိုးဝင်လာတဲ့ နေရောင်ကိုခံစားလိုက်ရတယ်။ နောက်တစ်ခုက အခုမှသတိပြုမိလာတဲ့ သူ့ညာဘက်လက်ဖဝါးပြင်ကို နူးနူးညံ့ညံ့နှိပ်ပေးနေတဲ့ လက်တစ်စုံ။အခန်းထဲမှာ သူ့အပြင်တစ်ယောက်ယောက်ရှိနေသေးတာလားဆိုတဲ့ အတွေးနဲ့ ဖျတ်ခနဲမျက်လုံး
ဖွင့်လိုက်ပြီးမှ နေရောင်ရှိရာဘက်ကို လက်နဲ့ကာပြီး မြင်ကွင်းကိုအာရုံစိုက်ကြည့်လိုက်တော့ သူအိပ်ရာဘေးမှာထိုင်နေတဲ့ မင်လေးကိုတွေ့လိုက်ရတယ်။ သူ့ဘဝထဲကထွက်ခွာသွားတာတစ်နှစ်ရှိပြီဖြစ်တဲ့ မင်လေးကို တွေ့လိုက်ရတာဟာ မက်နေကျအိပ်မက်တစ်ခုပဲဖြစ်တာကြောင့် ထူးတော့ထူးဆန်းမနေခဲ့ဘူး။ ဒါပေမယ့်လည်း သူ့နှလုံးသားကတော့ အိပ်မက်မက်ရင်ဖြစ်နေကျပုံစံအတိုင်း ဆူဆူညံညံပဲခုန်လှုပ်နေခဲ့ကာ
အာလူးလေးနာမည်ကို တဖွဖွခေါ်ရင်း ရင်ခွင်ထဲထည့်ထားချင်လာအောင် တွန်းအားပေးလာပေမယ့် လက်တွေ့မှာ တော့ ငေးမောလို့သာကြည့်နေမိတယ်။ခေါင်းငုံ့ပြီး သူ့လက်ဖဝါးကို အာရုံတစိုက်နဲ့ ညင်သာစွာနှိပ်နေပေးနေတာကြောင့် မင်လေးရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရပေမယ့် စည်းနှောင်ထားတဲ့ကြားက တစ်စွန်းတစ်စ ကျဆင်းနေတဲ့ ရွှေရောင်ဆံနွယ်တွေကြားမှာ အချစ်ရဆုံးလူသားလေးရဲ့ မျက်နှာလေးက ကလေးလေးတစ်ယောက်လိုပဲဖြူစင်လွန်းနေခဲ့တယ်။
ဒါဟာ အိပ်မက်တစ်ခုပဲလို့သေချာနေတဲ့စိတ်ရယ်၊ ဒီအခြေအနေလေးကို ပျောက်ကွယ်သွားမှာကို စိုးကြောက်မိတဲ့စိတ်ရယ်ကြောင့် သူတစ်ချက်ကလေးတောင် မလှုပ်ရှားရဲဘဲ မင်လေးကိုသာ ငေးကြည့်နေရင်း မှတ်ဉာဏ်ထဲက ဆိုးရွားတဲ့အဖြစ်အပျက်ကိုပြန်တွေးမိတော့ သူ့နှလုံးသားက စူးနင့်နာကျင်လာပြန်တယ်။
YOU ARE READING
Sweet Potato (Season-2)