"နေထွက်တော့မယ်ထင်တယ်နော် ဂျောင်ဂု......"
ရင်ခွင်ထဲမှာထိုင်နေတဲ့ ဂျီမင်က သူ့ကိုပွေ့ပိုက်ထားတဲ့ ဂျောင်ဂုကို ခေါင်းလှည့်ကြည့်ရင်းပြောတယ်။
"ခဏနေရင်ထွက်တော့မယ်လေ.....ဟိုမှာရောင်နီတွေလေ......."
ဆော့ဂျင်နဲ့အတူသွားဖို့ နမ်ဂျွန်ဆန္ဒရှိလွန်းခဲ့တဲ့ ကြယ်တာရာပန်းခင်းကြီးအလယ်မှာထိုင်ပြီး
ဂျီမင်နဲ့ဂျောင်ဂုဟာ နေထွက်ချိန်ကိုစောင့်ကြည့်နေကြတာဖြစ်တယ်။"လှတယ်နော် ဂျောင်ဂု......"
ရွှေဝါရောင်ယှက်သန်းနေတဲ့ထွက် ပေါ်ကာစ
နေရောင်ကိုကြည့်ပြီး ရင်ခွင်ထဲကအနွေးဓာတ်လေးကပြောတယ်။ နေလုံးကြီးကိုမမြင်ရသေးပေမယ့် အလင်းရောင်တွေက ရှေ့ပြေးအနေနဲ့ထွက်ပေါ်လာတာဆိုတော့ ကောင်းကင်တစ်ခုလုံးက ရွှေရောင်ခပ်ပါးပါးယှက်သန်းနေတယ်။"ကိုယ့်ကလေးလေးလောက်တော့မလှပါဘူး......"
ပါးတစ်ဖက်ကိုနှာခေါင်းနဲ့ထိကပ်ရင်းပြောတဲ့ ဂျောင်ဂုစကားကို နားထောင်ရင်းသူကျေနပ်စွာပြုံးမိတယ်။ ဂျောင်ဂုရဲ့ချိုမြမြစကားတွေကိုကြားတိုင်း သူအတိုင်းအဆမဲ့စွာရင်ခုန်ရပါတယ်။
ကိုယ်ချစ်တဲ့သူနဲ့နီးကပ်စွာနေရတဲ့အခြေအနေရယ်၊ သဘာဝတရားရဲ့ လှပနေမှုရယ်ကြောင့်
ခံစားလွယ်နေမိတဲ့ဂျီမင်ရဲ့စိတ်တွေဟာ ကိုကိုစေ့စပ်မယ့်အကြောင်းဆီကိုတွေးမိပြန်တယ်။
နှလုံးသားတစ်ခုလုံးက ဒီလူကိုသာအကြွင်းမဲ့
ချစ်နေတာမို့လို့ ကိုကိုနဲ့အစ်ကို ဆော့ဂျင်လိုမျိုးတစ်နေ့နေ့မှာ ဂျောင်ဂုနဲ့ခွဲရရင် သူ အသက်ဆက်မရှင်နိုင်လောက်ဘူးထင်တယ်။"သိပ်မကြာခင် ကိုကိုစေ့စပ်တော့မှာဆိုတော့ အစ်ကိုဆော့ဂျင် သနားပါတယ်နော်...."
ဂျီမင်က ဂျောင်ဂုလက်ချောင်းတွေကို သူ့လက်တွေနဲ့ယှက်ကိုင်ထားရင်းပြောတယ်။
"မပေါင်းစပ်ရပေမယ့် ချစ်နေကြရင် ဘယ်တော့မှမဝေးပါဘူး မင်လေးရယ်......"
"မင်တော့ အဲ့တာတွေနားမလည်ပါဘူး....ကိုယ်ချစ်တဲ့သူနဲ့ အမြဲပဲအတူနေချင်တာ...."
YOU ARE READING
Sweet Potato (Season-2)