အပိုင်း-၁၃

816 109 58
                                    


"ပျော်စရာရှိနေတာလား မင်လေး........"

ရေလယ်အဆောင်ကိုသွားတဲ့ တံတား‌‌ပေါ်မှာခြေထောက်တွဲလဲချထိုင်ပြီး သီချင်းငြီးနေတဲ့
ဂျီမင်က နမ်ဂျွန့်မေးလိုက်တော့ ပြုံးရင်း ခေါင်းညိတ်ပြတယ်။ ပြီးတော့ ဘာကိုသဘောကျတယ်မသိ။ ဟက်ခနဲရယ်ရင်း စီးကျလာတဲ့ချွေးတွေကို အင်္ကျီလက်နဲ့ပွတ်သုတ်တယ်။ ဝတ်ထားတာက အနက်ရောင်ဝတ်စုံမို့လို့သာတော်သေးတယ်လို့ဆိုရမယ်။ မဟုတ်ရင် ဂျီမင်တစ်ယောက် ပေချာတူးနေတာကို လက်တွေ့မြင်ရလိမ့်မယ်။

"ပျော်စရာရှိရင် ကိုကို့ကိုလဲ ပြောပါဦး အာလူးလေးရဲ့....."

ဓားရေးလေ့ကျင့်ထားတာကြောင့် တစ်ကိုယ်လုံးချွေးတွေရွှဲနစ်နေရုံမက နဖူးကလည်းချွေးတွေစီးကျနေတဲ့ ပေတူးလေး ဂျီမင်ဟာ အတော်လေးစိတ်ကြည်သာနေခဲ့ကာ အစ်ကိုဖြစ်သူရဲ့ အခေါ်အဝေါ်ကိုတောင် ရန်လုပ်မနေဘူး။

"ကြည့်ပါဦး ချွေးတွေနဲ့.....ရေမချိုးရသေးဘူး မဟုတ်လား ကလေးလေး...."

နဖူးကချွေးတွေကို အင်္ကျီလက်နဲ့သုတ်ပေးရင်း
နမ်ဂျွန်ကပြောတော့ ဂျီမင်က ရယ်တယ်။

"မင်တို့ ရေပူစမ်းသွားကြမလား ကိုကို......"

ညနေနေဝင်ချိန်ရောက်လုရောက်ခင်ဖြစ်ပြီး ဆောင်းဦးဝင်စမို့ အအေးဓာတ်ကလွှမ်းခြုံစဆိုတော့ ရေပူစမ်းမှာသာရေချိုးရရင် အတော်လေးသက်တောင့်သက်သာရှိလောက်မယ်ထင်တယ်။

"ဘယ်တော့လဲ အခုလား........"

"အခုပေါ့.......သွားမှာလား ကိုကို......."

ရယ်မြူးရိပ်သန်းနေတဲ့ မျက်လုံးတွေနဲ့ အတည်ပြုချက်တောင်းနေတဲ့ ဂျီမင်ခေါင်းလေးကို နမ်ဂျွန်က ဖိကိုင်ရင်းပြုံးတယ်။

"မင်လေး သွားချင်တယ်မဟုတ်လား....
သွားကြစို့လေ....."

ရုံးတော်ကအဝတ်အစားကိုတောင်မလဲတော့ဘဲ အပိုဝတ်စုံတွေကိုသာ ယူလိုက်ပြီးတော့ သူတို့ ညီအစ်ကိုနှစ်ယောက် မြင်းကိုယ်စီနဲ့ရေပူစမ်းရှိရာကို ထွက်လာခဲ့ကြတယ်။

သိပ်မဝေးလှတာကြောင့် အမွှေးတိုင်တစ်ဝက်စာအချိန်‌လောက်အကြာမှာပဲ သူတို့ရေပူစမ်းရှိရာကို ရောက်သွားကြတယ်။

Sweet Potato (Season-2)Where stories live. Discover now