သောကြာနေ့ညရဲ့ မြို့တွင်းလမ်းမတွေဟာ အတော်လေးစည်ကားလို့နေခဲ့တယ်။ မြင်းလှည်းမောင်းသံတွေ၊ ဆူဆူညံညံစကားပြောသံတွေနဲ့
အသက်ဝင်နေတဲ့ လမ်းတလျှောက်မှာ အချိုမုန့်ဆိုင်တွေ၊စားသောက်ဆိုင်တွေ၊ လက်မှုပစ္စည်းဆိုင်တွေ ၊အထည်ဆိုင်တွေနဲ့ပြည့်နှက်နေတယ်။"ငါးကင်အရင်သွားစားကြမယ်နော် ဂျောင်ဂု...."
"မင်လေး သဘော......"
လက်နှစ်ဖက်ကိုနောက်ပစ်ရင်း လူကြီးတစ်ယောက်လိုဟန်ပန်နဲ့ပြောတဲ့ အာလူးလေးက
ဂျောင်ဂုရဲ့အလိုလိုက်စကားကြောင့် ကျေနပ်စွာပြုံးတယ်။"ကိုကိုတော့ မင့်ကိုစိတ်ကောက်နေတော့မှာပဲ.... ကိုကို့အတွက် ငါးကင်ဝယ်သွားပြီးချော့ရမယ်...."
လုပ်ချင်တာကိုဇွတ်လုပ်တတ်တဲ့ ဂျီမင်က
အစ်ကိုဖြစ်သူကိုတော့သိပ်ချစ်တယ်။"ကိုကို မင့်ကိုတအားစိတ်ကောက်နေရင် ခက်တာပဲ ဂျောင်ဂုရယ်....."
တကယ်ဆို ဂျီမင်က ကိုကိုနဲ့လည်း မြို့ထဲကိုသွားလည်ချင်ပါတယ်။ ဒါပေမယ့် အဲ့ဒီကကိုကိုဘာမှန်းမသိ....ဂျောင်ဂုကိုအတူခေါ်ဖို့လက်မခံဘူးလေ။
"အစ်ကိုက မင်လေးကို စိတ်မကောက်ပါဘူး..... မင်လေးကို ဒီလောက်ချစ်တာကို...."
မင်လေးက သူ့စကားကြောင့် ပြုံးလာတယ်။
"ဟုတ်ပါတယ် နော်.....စိတ်ဆိုးလည်း မင် ချော့လိုက်ရင် ကိုကိုကကျေနပ်သွားမှာပါ......"
နှစ်ယောက်သားစကားတပြောပြောနဲ့ မြစ်ကမ်းရှိရာကို ဦးတည်သွားနေရင်း စာအုပ်ဆိုင်ရှေ့ကိုရောက်လာခဲ့ကြတယ်။
"သခင်လေးတို့......စာအုပ်အသစ်တွေရောက်တယ်လေ......ဝင်ကြည့်ကြပါဦး...."
စာအုပ်ဆိုင်ပိုင်ရှင် ဦးလေးကြီးက သူတို့ကိုမြင်တာနဲ့ ဆိုင်ထဲဝင်ဖို့ အပြင်ဘက်အထိထွက်ခေါ်တယ်။
"ဝင်ချင်လား အာလူးလေး......"
"ခဏဝင်ကြမယ်လေ....."
ဦးလေးကြီးက သူတို့ကိုလက်ဆွဲမခေါ်ရုံတမယ် ဆိုင်ထဲဝင်ဖို့ဖိတ်နေတာဆိုတော့ ခဏလောက်တော့ဝင်လိုက်ဖို့တွေးမိတယ်။
YOU ARE READING
Sweet Potato (Season-2)