အပိုင်း-၂၆

723 94 104
                                    


"လက်နက်ချလိုက်ပါ ဂျိုသခင်လေး......."

ဂျိုမင်ဂျယ်ဟာ ယဉ်ယဉ်ကျေးကျေးပြောနေတဲ့
နမ်ဂျွန့်ကိုကြည့်မနေဘဲ နောက်ဘက်နားဆီမှာ ငြိမ်ငြိမ်သက်သက်ရပ်နေတဲ့ ညီမဖြစ်သူ
ချယ်ယောင်းကိုသာ ကြည့်နေတယ်။ ဘေးနားမှာ အစောင့်တပ်သားတွေရှိနေပေမယ့် ချယ်ယောင်းကို ကြိုးတုပ်ဖမ်းဆီးတာ၊ ဓားနဲ့ခြမ်းခြောက်တာတွေရှိမနေတာကြောင့် သူနည်းနည်းတော့ စိတ်အေးသွားတယ်။

"သခင်လေးဆော့ဂျင်ကို လွှတ်ပေးလိုက်ပါ.....ကျွန်တော်တို့ ဆွေးနွေးကြတာပေါ့...."

စစ်သူကြီးဟာ ဒေါသသံမပါအောင်ဂရုတစိုက်ပြောနေရပေမယ့် စကားသံကတော့အဖျားခတ်တုန်ရီနေတယ်။ အစ်ကိုသာတစ်ခုခုဖြစ်သွားခဲ့ရင်ဆိုတဲ့ အတွေးက သူ့ကို အဆက်မပြတ်ခြိမ်းခြောက်နေ‌တာကြောင့် သူအသက်တောင်ပြင်းပြင်းမရှူရဲ။ ဂျိုမင်ဂျယ်ဟာ အရာအားလုံးဆုံးရှုံးနှင့်နေပြီဖြစ်တာကြောင့် ရူးရူးမိုက်မိုက်မလုပ်ဖူးလို့ ဘယ်သူကပြောနိုင်မှာလဲ။

"ထိခိုက်မိတာ ရှိသေးလား ချယ်ယောင်း ....."

"အစ်ကိုကြီး......ညီမလေးတောင်းပန်ပါတယ်....
ညီမလေးကြောင့် အခုလိုဖြစ်ရတာပါ......."

အစ်ကိုကြီးက စိုးရိမ်ပူပန်စွာမေးတော့ ချယ်ယောင်း ငိုချမိတော့တာပဲ။ သူသာ အစ်ကိုဂျီမင်ကို အယုံမလွယ်ခဲ့ရင်၊ သူသာ မိသားစုအပေါ်အလေးအနက်ထားခဲ့ရင် ဂျိုမိသားစုဟာ အခုလိုအဖြစ်ဆိုးနဲ့ ကြုံရလိမ့်မှာမဟုတ်ဘူး။ တရားမဝင်လက်နက်ရောင်းဝယ်ခြင်းဟာ အကြီးမားဆုံးပြစ်မှုဖြစ်ပြီး တခြားမိသားစုတွေရဲ့ဘဝကို ထိခိုက်နစ်နာစေ‌တယ်ဆိုတာသိပေမယ့် ကိုယ့်မိသားစုတစ်ခုလုံးပျက်စီးရတာကိုမြင်ရတော့
ဒါဟာပြစ်မှုတစ်ခုလို့ သူထင်မြင်ယူဆမနေမိတော့ဘူး။

"ချယ်ယောင်းမှားသွားပါတယ်....."

ငိုနေတဲ့ ညီမလေးကိုကြည့်ပြီး သူ့နှလုံးသားကနာကျင်လာတယ်။ အဖေနဲ့ သူ၊ ဂျိုအိမ်တော်တစ်ခုလုံးဟာ ချယ်ယောင်းထိခိုက်မယ့်ကိစ္စမျိုးကလွဲရင် မျက်နှာတစ်ချက်မညှိုးအောင်ထားခဲ့ကြတာလေ။

"ငါ လက်နက်ချရင် ချယ်ယောင်း အသက်ကိုအာမခံပေးနိုင်မလား စစ်သူကြီးနမ်ဂျွန်......"

Sweet Potato (Season-2)Where stories live. Discover now