"မင်းလာမှလာနိုင်ပါ့မလားလို့ အခုပဲငါတို့ပြောနေကြတာ ဂျောင်ဂုရ......"
အရက်တစ်ခွက်ငှဲ့ပေးရင်းပြောတဲ့ ဂျိုမင်ဂျယ်ဟာ ဂျောင်ဂုရောက်လာတဲ့အတွက် အတော်လေးကျေနပ်နေဟန်ရှိတယ်။သူတို့ရောက်နေတဲ့နေရာကဟန်ယန်းရဲ့နာမည်ကြီး ကြာပန်းဖြူဆောင်ကြာမြိုင်မှာပဲဖြစ်တာကြောင့် လူအဝင်အထွက်များတဲ့နေရာကို ဂျောင်ဂုမလာလောက်ဖူးလို့ သူကယူဆထားခဲ့တာလေ။
"အစ်ကိုကိုယ်တိုင်ဖိတ်ထားတာကို လာရမှာပေါ့ဗျာ....."
သူငှဲ့ပေးတဲ့အရက်ခွက်ကို တရိုတသေလက်ခံတဲ့ ဂျောင်ဂုကိုကြည့်ပြီး မင်ဂျယ် သဘောတကျပြုံးလိုက်မိတယ်။ သူနဲ့ ဂျောင်ဂုရဲ့တွေ့ဆုံမှုက ရေစက်ပါတယ်လို့ပဲဆိုရမယ်ထင်တယ်။ တစ်ရက် သူနဲ့ တရားရေးလူကြီးမင်းရဲ့ သားဖြစ်သူ
ဆောင်ဟန်ဂျွန်း တောလိုက်ထွက်ကြရင်း ကျားတစ်ကောင်ရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရတယ်။ အဲ့ဒီအချိန် တိုက်ဆိုင်စွာနဲ့ တောလိုက်ထွက်နေတဲ့ ဂျောင်ဂုနဲ့ဆုံခဲ့တာ။ တစ်ယောက်ထဲ တောလိုက်ထွက်နေတဲ့ ဂျောင်ဂုက သူတို့ကို အန္တရာယ်ကနေ ကယ်တင်ပေးခဲ့ရာက သူတို့စတင်ရင်းနှီးခဲ့ကြတာ။ နောက်တော့ ဂျောင်ဂုကို သူအိမ်မှာထမင်းဖိတ်ကျွေးခဲ့တယ်။ ဒီလိုနဲ့ သိကျွမ်းလာတာကြာလာခဲ့ပေမယ့် လူကြီးလူကောင်းဆန်တဲ့ ဂျောင်ဂုဟာ အခုလို သူဘက်ကဖိတ်ခေါ်ရင်တော့ လက်ခံပေမယ့် သူတို့ဂျိုအိမ်တော်နဲ့ အရောတဝင်ဖြစ်ဖို့ မကြိုးစားဘူး။"ဒီမှာ ကြာပန်းဖြူသေရည်က နာမည်ကြီးပဲ
ဂျောင်ဂု..... မြည်းစမ်းကြည့်ပါဦး.....""ဟုတ်ကဲ့ အစ်ကို......"
ဟန်ဂျွန်းက သေရည်မြည်းစမ်းကြည့်ဖို့ ဂျောင်ဂုကိုတိုက်တွန်းတယ်။
"တကယ်ကောင်းတဲ့ သေရည်ပဲ အစ်ကို...... သောက်လိုက်ရင် အရသာ ခါးသက်သက်နဲ့ ကြာပန်းအနံ့က ပါးစပ်ထဲစွဲကျန်နေတာ...."
သေရည်ရဲ့ အရသာကို ဂျောင်ဂု သဘောတကျချီးကျူးတော့ မင်ဂျယ်ကျေနပ်သွားတယ်။ ပြောရရင် ဂျောင်ဂုရဲ့ချီးကျူးစကားထက် ဒီကောင်လေး သူဖိတ်ကြားတာကို လက်ခံလိုက်ခြင်းက သူ့ကိုပိုပြီးစိတ်ကျေနပ်စေခဲ့တယ်။ ဂျွန်စစ်သူကြီးရဲ့ သားဖြစ်တဲ့အပြင် ကိုယ်ရံတော့တပ်မှူးရာထူးကိုပါ ရယူထားတဲ့ ဂျောင်ဂုကို သူ့မိသားစုအဝင်ဖြစ်လာစေချင်တာ မင်ဂျယ်ရဲ့ဆန္ဒပဲဖြစ်တယ်။
တစ်ဦးတည်းသော သူ့ညီမလေးက အသက်ငယ် သေးတယ်ဆိုပေမယ့် ကိစ္စတော့မရှိလှပါဘူး။
လောလောဆယ် စေ့စပ်ကြောင်းလမ်းထားပြီး နောင်တစ်ချိန်မှလက်ဆက်လည်း အဆင်ပြေတာပဲလေ။
YOU ARE READING
Sweet Potato (Season-2)