အပိုင်း-၂၇

746 94 66
                                    

"ထတော့လေ.....ဒီနေ့ နန်းတွင်းကိုအခစားဝင်ဖို့ အရှင်မင်းကြီးကပြောထားတယ် မဟုတ်လား......"

စစ်သူကြီး နမ်ဂျွန် ကင်အိမ်တော်မှာ အခြေချနေခဲ့တာ ဂျိုမင်ဂျယ်ကိုဖမ်းဆီးမိပြီးတဲ့ရက်ကတည်းကဖြစ်တယ်။ ရုံးတော်ကိုလည်းမသွား၊ အိမ်တော်ကိုလည်းမပြန်ဘဲ ကင်အိမ်သားအဖြစ်နေရာယူနေတဲ့ နမ်ဂျွန့်ကိုပြန်ပါလို့လည်း
ဆော့ဂျင်ကမပြောရက်တာကြောင့် သူတို့နှစ်ယောက်ပူးကပ်နေဖြစ်ခဲ့ကြတာ။ ဒီရက်တွေမှာ ဇာတာစစ်ဆေးခြင်း၊ နက္ခက်ကြည့်ပေးခြင်းတွေကို သခင်လေးကင်ဆော့ဂျင်က အနားယူထားပါတယ်လို့ ကင်အိမ်တော်ရှေ့မှာ စာကပ်ထားတာကြောင့်အနှောင့်အယှက်တွေကရောက်မလာခဲ့ပါဘူး။

"နိုးနေရင် ထတော့လေ......အရှင်မင်းကြီးနဲ့တွေ့ဖို့ရှိတာကို နောက်ကျလို့ဘယ်ကောင်းမလဲ......ဘာလဲ မသွားတော့ဘူးလား......"

"သွားမှာပေါ့......အခုမှအစောကြီးရှိနေသေးတာကို....."

အဖြူရောင် ညဝတ်အင်္ကျီ‌လျော့ရဲရဲနဲ့ အိပ်ရာပေါ်မှာ လူးလှိမ့်ရင်းဂျစ်တစ်တစ်လုပ်နေတဲ့ နမ်ဂျွန့်တင်ပါးကို ဆော့ဂျင်ကဖြန်းခနဲတစ်ချက်ရိုက်လိုက်တယ်။

စစ်သူကြီးနမ်ဂျွန်ဟာ တစ်ခါတလေတော့အတော်ပြောရခက်ပါတယ်။ ပြောရရင် ကင်အိမ်တော်မှာလာနေတဲ့ရက်တွေကျမှ နမ်ဂျွန့်ရဲ့ ကလေးဆန်မှုတွေကို သူမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတာ။ အိပ်ရာထဖို့က အစ၊ ‌ရေချိုးဖို့အလယ်၊ ညစာစားဖို့အဆုံး ပူးကပ်နေချင်ပြီး စကားနည်းနည်းမှားတာနဲ့ မချစ်ဖူးလားဆိုတဲ့ စကားနဲ့ဂျစ်တိုက်တာ
ဘယ်လောက်တောင် ကလေးဆန်လိုက်လေသလဲ။ ဒါပေမယ့် မချစ်ဖူးလားဆိုရင်တော့
ဆော့ဂျင်ခေါင်းခါမိမှာအသေအချာပါပဲ။

"အစ်ကိုပြောင်းလဲသွားပြီ ကျွန်တော့်ကိုရိုးသွားပြီမဟုတ်လား......."

ဆိုင်ဆိုင်မဆိုင်ဆိုင်လိုရာကိုဆွဲပြောရာမှာတော့
နမ်ဂျွန်ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူလို့မဆုံးနိုင်။ ‌သိပ်မကြာခင် အစ်ကို သူ့ကိုအနမ်းနဲ့ချော့ရပါလိမ့်မယ်။

"မဟုတ်တာ......ငါမင်းကိုချစ်ပါတယ် နမ်ဂျွန်ရယ်......"

ခေါင်းအုံးမှာမျက်နှာအပ်ကာခိုးပြုံးလိုက်ပြီးမှ မျက်နှာငယ်လေးနဲ့ အစ်ကိုဆော့ဂျင်ကို သူမော့ကြည့်လိုက်တယ်။ မင်လေးလို ကလေးဆန်ဆန်ချစ်ဖို့ကောင်းသူဖြစ်ဖြစ်၊ နမ်ဂျွန့်လို လူကြီးဆန်ဆန်အမျိုးသားလေးပဲဖြစ်ဖြစ် ချစ်တဲ့သူရဲ့မျက်လုံးထဲမှာတော့ အလိုလိုအသည်းယားစရာလေးဖြစ်နေတော့တာပါပဲ။

Sweet Potato (Season-2)Where stories live. Discover now