"သခင်လေး နမ်ဂျွန်ရောက်လာပါတယ်"ဆိုတဲ့ အိမ်တော်ထိန်းကြီးရဲ့အကြောင်းကြားမှုကြောင့်
လုပ်လက်စစာရေးခြင်းကို ခဏရပ်ထားပြီး
ဧည့်ဆောင်ကို ဆော့ဂျင်ထွက်လာခဲ့လိုက်တယ်။ တစ်ဆက်တည်း ဂျောင်ဂုပြောပြခဲ့တဲ့ သူနဲ့နမ်ဂျွန်ကြုံရမယ့်အနာဂတ်ကိုတွေးမိတော့ ဆော့ဂျင်ပြုံးမိတယ်။ ဒီစစ်သူကြီးဟာ သူ့ဆီကိုအကြောင်းမရှိလာတတ်တဲ့တစ်ဦးတည်းသော ဧည့်သည်ဖြစ်ပြီး
သူ့ကို အနှောင့်အသွားမလွတ်တဲ့ သံယောဉ်စကားတွေကိုပြောတတ်တဲ့ တစ်ယောက်ထဲသောသူလည်းဖြစ်တယ်ဆိုပေမယ့် ဂျောင်ဂုပြောသလိုဖြစ်လာမယ့်အခြေအနေတွေအထိတော့
ဆော့ဂျင် မတွေးမိခဲ့ဘူး။"နေကောင်းရဲ့လား သခင်လေး......."
သူဧည့်ခန်းထဲကို ဝင်လာတော့
တရိုတသေမတ်တပ်ရပ်ပြီးနှုတ်ဆက်တဲ့ စစ်သူကြီးရဲ့အမူအရာကိုမြင်ရပြီး အရင်အခါတွေလိုပဲ အနေရခက်စွာနဲ့ နားရွက်ဖျားကိုအကြောင်းမရှိကိုင်မိတယ်။"ဟုတ်ကဲ့..... စစ်သူကြီးရော ကျန်းမာပါရဲ့လား...."
"လူကတော့ နေကောင်းပါတယ် အစ်ကိုရယ်....."
ဒီစကားရဲ့အဓိပ္ပါယ်ကရိုးသားသလိုရှိပေမယ့်
ရွှန်းလဲ့နေတဲ့မျက်လုံးတစ်စုံရယ်၊ ပါးချိုင့်ပေါ်အောင်ချိုမြနေတဲ့အပြုံးတစ်ခုရယ်ပါပေါင်းစပ်လိုက်တော့ ဆော့ဂျင်လက်ဖျားတွေအေးစက်လာရတယ်။ ဒါဟာရင်ခုန်ခြင်းဆိုရင်တော့ စစ်သူကြီးကြောင့် သူ့နှလုံးသားလေး ဒုက္ခများရပါလိမ့်မယ်။"ဒီမှာလေ အစ်ကိုကို့အတွက် စံပယ်ပန်းရနံ့လက်ဖက်ခြောက်......."
လှလှပပပုံလေးတွေရေးခြစ်ထားတဲ့ သစ်သားဘူးလေးတွေကို သူ့ရှေ့မှာချပေးရင်း သဘောကျရဲ့လားဆိုတဲ့ မျက်လုံးတွေနဲ့ စစ်သူကြီးကကြည့်တယ်။
"ကျေးဇူးတင်ပါတယ် စစ်သူကြီး...ရေနွေးသုံးဆောင်ပါဦး ...."
"ဟိုတစ်ခါပြောတော့ နမ်ဂျွမ်လို့ခေါ်မယ်ဆို....."
မျက်လုံးလှန်ကြည့်ပြီးတောင်းဆိုသလိုပြောတဲ့ စစ်သူကြီးရဲ့အသံက ချိုနွဲ့လို့နေတယ်။
ဒီအမူအရာနဲ့ ဒီစကားသံဟာ သခင်လေး
ဆော့ဂျင်အတွက် သီးသန့်ဖြစ်တည်မှုသာဖြစ်တယ်။
YOU ARE READING
Sweet Potato (Season-2)