တိတ်ဆိတ်နေတဲ့ တောင်ပေါ်ဦးတည်ရာ
မြေလမ်းလေးမှာ ခပ်မှန်မှန်ထွက်ပေါ်နေတဲ့ မြင်းခွာသံတစ်ခုကိုပဲကြားနေရတယ်။ ဆောင်းဦးရာသီဖြစ်တာကြောင့် မေပယ်ရွက်ကြွေတွေက မြေပြင်တစ်ခုလုံးပျံ့နှံ့နေခဲ့ပြီး တစ်ချက်တစ်ချက်လေတိုက်လိုက်တိုင်း သစ်ရွက်ခြောက်တွေ လေနှင်ရာအတိုင်းလွင့်ပါသွားကြပုံက
တစ်မျိုးလေးကြည့်ကောင်းနေတယ်။တောင်ခြေကနေ အမွှေးတိုင်တစ်တိုင်ထွန်းစာ ခရီးနှင်ပြီးနောက်တော့တောင်ပေါ်ကို ဂျောင်ဂု ရောက်လာခဲ့တယ်။ ဘုရားကျောင်းကို လှမ်းမြင်ရတဲ့အကွာအဝေးကိုရောက်တော့ တောင်ပေါ်မှာတရားအားထုတ်နေကြသူတွေအနှောင့်အယှက်ဖြစ်မှာစိုးတာကြောင့်ဒီနေရာမှာပဲမြင်းကိုထားခဲ့ဖို့ သူဆုံးဖြတ်လိုက်တယ်။မြင်းဇတ်ကြိုးကိုဆွဲလိုက်တော့ ခပ်တိုးတိုးမြင်းဟီသံက တိတ်ဆိတ်နေတဲ့ တောင်ပေါ်မှာ ပျံ့နှံ့သွားတယ်။ မြင်းကိုကြိုးလွှတ်ကာ ဘုရားကျောင်းနဲ့ ခပ်လှမ်းလှမ်းက မြက်ခင်းမှာ ထားခဲ့လိုက်ပြီးတော့ ဘုန်းတော်ကြီးနဲ့တွေ့ဖို့ ဘုရားဝတ်ပြုရာအဆောက်အဦထဲကို သူဝင်လာခဲ့လိုက်တယ်။ ဒီမှာနေခဲ့တဲ့မှတ်ဉာဏ်တွေအရဆိုရင် မွန်းလွဲပိုင်းအချိန်တွေမှာ ဆရာတော်က ဘုရားဝတ်ပြုနေလေ့ရှိတယ်မဟုတ်လား။
သူအထဲရောက်သွားတော့ ဆရာတော်ကိုမတွေ့ရဘဲ ဆရာတော့်ကိုအနီးကပ် ဝတ်ကြီးဝတ်ငယ်ပြုလေ့ရှိတဲ့ ဦးလေးကိုသာတွေ့ရတယ်။ မှတ်ဉာဏ်တွေအရ သူကသာ ဦးလေးကို ရင်းနှီးနေပေမယ့် ဦးလေးကတော့ သူ့ကို ပုံမှန်သာဆက်ဆံစကားပြောတယ်။ ဒါပေါ့လေ ဦးလေးက သူ့ကိုအခုမှပထမဆုံးတွေ့ဖူးတာကို။
"ဆရာတော်မရှိဘူး လူလေး.....တရားကျင့်ဖို့
အတွက် တောင်ပေါ်ကိုသွားတယ်....ဒါနဲ့ လူလေးနာမည်က ဘယ်သူများလဲ...""ကျွန်တော့်နာမည် ဂျွန်ဂျောင်ဂုပါ....."
"ဂျွန်စစ်သူကြီးရဲ့သား ဂျောင်ဂုလား.."
"ဟုတ်ပါတယ် ဦးလေး....."
"အဲ့တာဆို ခဏစောင့်ပါဦး....."
ဆရာတော်နဲ့မတွေ့ရဘူးဆိုတာကြောင့် သူအိမ်ပြန်လိုက်ဖို့ပဲတွေးမိပြီး နှုတ်ဆက်စကားဆိုဖို့ပြင်ချိန်မှာပဲ ဦးလေးကြီးက သူ့ကိုခဏစောင့်ဖို့လက်အမူအရာပြရင်း ပြောတယ်။
YOU ARE READING
Sweet Potato (Season-2)