အိမ်တော်ကိုပြန်ရောက်ချိန်မှာ မင်ဂျယ်ပင်ပန်းနေပြီဖြစ်တာကြောင့် အဝတ်အစားမလဲသေးဘဲ
ခုံမှာဝင်ထိုင်ရင်း ခဏနားနေမိတယ်။ အရှင်မင်းကြီးရဲ့ ဆန္ဒအရ လပြည့်ညပွဲတော်ကို
သန်းခေါင်းယံအချိန်မှသာစတင်ခဲ့တာကြောင့် အခမ်းအနားပြီးဆုံးချိန်ဟာ မနက်ဝေလီဝေလင်းအချိန်ဖြစ်နေခဲ့ပြီ။သူပင်ပန်းနေပေမယ့်လည်း ခြေလက်ဆေးအဝတ်အစားလဲပြီးတော့ အိပ်ချင်စိတ်သိပ်ရှိမနေဘူး။ ဒါနဲ့ပဲ စာဖတ်ဖို့အတွေးရသွားတာကြောင့် အိပ်ဆောင်အတွင်းမှာရှိနေတဲ့ စာအုပ်စင်ရှိရာမှာ စာအုပ်ရွေးနေဆဲ တံခါးခေါက်သံကိုကြားလိုက်ရတယ်။ တဆက်တည်းထွက်ပေါ်လာတာက ကိုယ်ရံတော်ရဲ့ ခွင့်တောင်းသံ။
"ကျွန်တော်မျိုးကို ဝင်လာခွင့်ပြုပါ သခင်လေး..."
သူခွင့်ပြုလိုက်တော့ ကိုယ်ရံတော်က တံခါးဖွင့်ကာအခန်းတွင်းကိုဝင်ရောက်လာတယ်။
"မင်း ချယ်ယောင်းကို လိုက်ပို့ပေးပြီးလို့ အိမ်ပြန်သွားပြီမှတ်တာ.....ပြောလေ...ဘာကိစ္စရှိလို့လဲ...."
"အိမ်တော်နားမှာ မသင်္ကာစရာလူတွေ့လို့ ကျွန်တော်ထိန်းသိမ်းထားပါတယ် သခင်လေး..."
"ဘာထူးခြားတာတွေ့လဲ......"
"စစ်မေးကြည့်တော့ ဘာမှမထူးခြားပါဘူး သခင်လေး........"
ကိုယ်ရံတော်က မင်ဂျယ်ကို မော့ကြည့်ကာဆက်ပြောသင့်မပြောသင့်ချိန်ဆနေတယ်။
"အဲ့ဒီတော့......."
"ကျွန်တော်တို့ထိန်းသိမ်းထားမိတဲ့သူက သခင်လေးဆော့ဂျင်ဖြစ်နေပါတယ်....."
သခင်လေးက စာအုပ်ကိုစင်ပေါ်ပြန်တင်ရင်း သူ့စကားကိုအာရုံစိုက်တယ်။
"ကင် အိမ်တော်က သခင်လေးဆော့ဂျင်လား...."
"ဟုတ်ပါတယ်......"
အရှင်မင်းကြီးသာမက နန်းတော်တစ်ခုလုံး၊ ဟန်ယန်းတစ်မြို့လုံးရိုသေလေးစားရတဲ့ သခင်လေးဆော့ဂျင်ကိုမှ အပြစ်ပြုမိချေပြီ။
"လမ်းပြ.......ငါကိုယ်တိုင်လိုက်ခဲ့မယ်......"
သူအခန်းအပြင်ကိုထွက်လာချိန်မှာ ချယ်ယောင်းကိုတွေ့လိုက်ရတယ်။ အချိန်စောပြီး အိမ်တော်ကိုပြန်ရောက်နေတဲ့ချယ်ယောင်းဟာ အိပ်မပျော်တာကြောင့် သူ့ဆီလာခဲ့တာနေပါလိမ့်မယ်။
YOU ARE READING
Sweet Potato (Season-2)