"ဓားရေးသင်မလို့ဆို သားငယ်လေး....."
ခွာပြီးသားပုစွန်တွေကို ပန်းကန်ထဲထည့်ပေးရင်း
မေးတဲ့ မေမေ့ကို ဂျီမင်က ပြူးကြောင်ကြောင်လေးပြန်ကြည့်တယ်။ ပြီးတော့ *ကိုကိုပြောလိုက်တာလား*ဆိုတဲ့ အမေးနဲ့ နမ်ဂျွန်ကိုဆတ်ခနဲကြည့်တယ်။"ကိုကိုမပြောဘူး.....ကိုကို့ကိုရန်မလုပ်နဲ့ သားငယ်လေး......"
မေမေက သူတို့ညီအစ်ကိုကို တစ်ချက်လေးမှ
မကြည့်ဘဲ ပုစွန်တစ်ကောင်ကိုထပ်ပြီးအခွံခွာနေရင်းပြောတယ်။ ဂျီမင်ရဲ့ အစ်ကိုဖြစ်သူကိုနိုင်စားခြင်းကို မေမေက အကြိမ်ပေါင်းများစွာတွေ့ကြုံခဲ့ရပြီးပြီလေ။"သားဖေဖေနဲ့ မေမေ့ကို ဂျောင်ဂုမနက်ကလာပြောပြီးခွင့်တောင်းသွားတာ......."
သားကြီးဖြစ်သူပန်းကန်ထဲကို အခွံနွာထားတဲ့ပုစွန်ကို ထည့်ပေးပြီး မေမေကပြောတော့ ဂျီမင် ဇတ်ကလေးပုဝင်သွားတယ်။
"ဖေဖေက ဓားရေးသင်ဖို့ပြောတော့ မင်လေးပဲ စိတ်မဝင်စားဘူးဆို.....အခုကျဘယ်လိုဖြစ်ရတာလဲ......"
တစ်ချိန်လုံးငြိမ်နေခဲ့တဲ့ ဖေဖေကဝင်မေးတော့
ဂျီမင်က မျက်လုံးလေးထောင့်ကပ်ပြီး အစ်ကိုဖြစ်သူနမ်ဂျွန့်ကို ကြည့်တယ်။ သဘောက ကူပြီးပြောပေးဖို့အချက်ပြခြင်းပင်။"ဒီလိုပါ ဖေဖေ...... မင်လေးက အသက်၁၈ပြည့်တော့မှာလေ.....အဲ့လိုဆိုတော့ ဓားရေး၊တိုက်ခိုက်ရေးတစ်ခုခုသင်ထားရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်တာပေါ့......ပြီးတော့ ဖေဖေ့အလုပ်တွေကို ဦးစီးရမယ့်သူက အနည်းဆုံးတော့ တိုက်ခိုက်ရေးအခြေခံတော့ရှိထားသင့်တယ်လေ......"
"ဟုတ်တယ်......ဟုတ်တယ်.....ကိုကိုပြောသလိုမင် အဲ့လိုတွေးမိလို့ သင်ဖို့ဆုံးဖြတ်လိုက်တာ......."
ပတ်သခင်ကြီးဟာ ကုန်သည်ပီပီနယ်ခြားဒေသတွေကိုပါသွားရောက်ကာ ကုန်သွယ်လေ့ရှိပြီး အဲ့လိုခရီးတွေသွားရတိုင်း လမ်းခရီးကအန္တရာယ်တွေကိုကာကွယ်ဖို့ လုံခြုံရေးအဖွဲ့ကိုငှားရမ်းရလေ့ရှိတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက်လည်း တိုက်ခိုက်ရေးပညာကို ပတ်သခင်ကြီးက သင်ယူထားတယ်။ ဒါကိုအ ခြေတည်ကာပြောပြတဲ့ နမ်ဂျွန့်စကားဟာ အကျိုးသင့်အကြောင်းသင့်နိုင်လှပါတယ်။
YOU ARE READING
Sweet Potato (Season-2)