ဒီနေ့တော့ ဂျီမင်ရှိရာကိုဂျောင်ဂု ရောက်လာခဲ့ပြီးတော့ ပက်အိမ်တော်ရဲ့ရေလယ်အဆောင်ရှိရာနေရာလေးမှာ သူတို့စကားပြောဖြစ်ကြတယ်။
"အကြာကြီးခွဲရမှာဆိုတော့ ကိုယ့်ကလေးလေးကို
လွမ်းနေရဦးမှာ........""ခဏပဲခွဲရတာပါ ဂျောင်ဂုရယ်......."
ပေါင်ပေါ်မှာလှဲနေတဲ့ ဂျောင်ဂုရဲ့ အနက်ရောင်ဆံပင်လေးတွေကချစ်စရာကောင်းလွန်းနေတာကြောင့် သူဖွကြည့်နေမိတယ်။ ဂျောင်ဂုရဲ့အနက်ရောင်ဆံပင်တွေဟာ ဂျီမင်ဝတ်ထားတဲ့အဝါရောင် ဝတ်ရုံပေါ်မှာပြန့်ကျဲနေကြတယ်။ ခရမ်းဖျော့ဖျော့ ဝတ်စုံကြောင့် ဂျောင်ဂုက သူ့မျက်လုံးထဲမှာ ကလေးလေးနဲ့တူနေသေးတယ်။ချစ်စရာကောင်းတဲ့ ဒီလူကိုပိုင်ဆိုင်ခွင့်ရတာဟာ ဒီဘဝရဲ့အကောင်းဆုံးကံပါပဲ။
"ဒီခရီးကပြန်လာရင် ကျွန်တော်တို့မခွဲတော့ဘူးနော် ဂျောင်ဂု......."
"မခွဲတော့ဘူး......ကိုယ်တို့အတူနေကြစို့လေ....."
အလေးအနက်ပြောနေတဲ့ ဂျီမင်လက်ကလေးတွေကိုဆွဲယူနမ်းရှိုက်ရင်း သူအဖြေပေးလိုက်တယ်။ နောက်နှစ်နွေဦးမှာ ပန်းပွင့်တာတွေအတူကြည့်ရင်း သူတို့အတူရှိနေကြမှာဆိုတဲ့အတွေးက ကြည်နူးစေသလောက် အချိန်သုံးလလောက်ခွဲရမယ်ဆိုတဲ့အသိက သူ့ကိုပင်ပန်းစေပါတယ်။
"လိမ်လိမ်မာမာနေနော် အာလူးလေး...."
"ကျွန်တော်က မှာရမှာပါ.....ဟိုမှာပွေရှုပ်မနေနဲ့နော် ဂျောင်ဂု...."
"မဟုတ်တာ မင်လေးရာ.....ကိုယ့်မှာဟော့ဒီအသည်းလေးကိုတောင် ချစ်မဝသေးတာကို....."
နောက်တစ်ကြိမ်လက်ချောင်းလေးတွေကို ဆွဲယူနမ်းရင်းဂျောင်ဂုကပြောတယ်။
"တာဝန်ကအနားယူဖို့ ပြန်စဉ်းစားပါဦးလား
ဂျောင်ဂု......."ဒီတစ်ရက်နှစ်ရက်အတွင်း ပိုရင့်ကျက်လာပုံတဲ့
ဂျီမင်ဟာ လူကြီးလေးတစ်ယောက်လို ဂျောင်ဂုကိုပြောတယ်။"နန်းတွင်းမှာအမှုထမ်းဖို့က ဂျောင်ဂုအိပ်မက်လေ .....အဲ့တာကို စွန့်လွှတ်မလို့လား......"
"ကိုယ်က မင်လေးကိုပိုင်ဆိုင်ချင်ရုံတင်မဟုတ်ဘူး...... လက်ထပ်ချင်တာလေ....."
YOU ARE READING
Sweet Potato (Season-2)