အပိုင်း-၂၈

1.6K 138 101
                                    

မနက်ဆို နမ်ဂျွန်ကရုံးတော်ကို သွားပြီးတာဝန်ထမ်းဆောင်သလို ဆော့ဂျင်ကလည်း ဇာတာစစ်ဆေးခြင်း၊ နမိတ်ဟောခြင်းကိုလုပ်ကိုင်တယ်။
ဂျောင်ဂုနဲ့ ဂျီမင်ကတော့ ကုန်သွယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေပြီဖြစ်တယ်။ ဂျောင်ဂုကြိုတင်သိရှိထားသလိုပဲ ပက်သခင်ကြီးနဲ့ သခင်မကြီးဟာ အမြွှာကလေးလေးနှစ်ယောက်ကို ပိုင်ဆိုင်သွားကြတယ်။

"အလုပ်သွားတော့မယ်....."

ပါးကိုနမ်းပြီးနှုတ်ဆက်တဲ့ နမ်ဂျွန်က မျက်လုံးမှိတ်ထားပြီး ဆော့ဂျင်ဆီက မနက်ခင်းအနမ်းကိုတောင်းတယ်။ ဒါကလက်ထပ်ပြီးကတည်းက
နမ်ဂျွန်တောင်းဆိုထားတဲ့အချက်ဖြစ်ပြီး
ညအိပ်ရာဝင်ရင်လည်း ဒီလိုပဲ အနမ်းတောင်းလိမ့်ဦးမှာ။ ဒါပေမယ့် မနက်ခင်းအနမ်းလို
အနမ်းတစ်ပွင့်နဲ့မပြီးဘဲ နှစ်ယောက်လုံးအိပ်ယာဝင်နောက်ကျပါလိမ့်ဦးမယ်။ တစ်ခါတလေ နောက်တစ်ရက်မထနိုင်တဲ့သူဟာ ဆော့ဂျင်ဖြစ်ပြီး၊ တစ်ခါ‌တလေ အလုပ်မသွားနိုင်လို့ခွင့်ယူရတဲ့ သူက နမ်ဂျွန်ပါ။

"ကျွန်တော်သွားပြီနော် အစ်ကို.....ညနေကျရင်စောစောပြန်လာခဲ့မယ်....."

"ကောင်းကောင်းသွား.....စောစောပြန်......"

နမ်ဂျွန်အလုပ်သွားတာနဲ့ သူက တိုက်စစ်ရမယ့် ဇာတာတွေနဲ့အလုပ်ရှုပ်ရတော့တယ်။ လက်ထပ်ပွဲကျင်းပမယ့်ရက်ကစလို့၊ ကလေးကင်ပွန်းတပ်ပွဲကျင်းပရမယ့်ရက်အထိ သတ်မှတ်ပေးရတာဖြစ်လို့ သူ့ဘေးနားမှာ ရက်စွဲတွေပါတဲ့ ပြက္ခဒိန်တစ်ခုရှိနေပါတယ်။ သတ်မှတ်လိုက်တဲ့ရက်စွဲတွေကို
အမှတ်အသားပြုရင်း ပြက္ခဒိန်ကိုသေချာကြည့်လိုက်တော့ နောက်သုံးရက်ကြာရင်ကျင်းပမယ့်
ဂျီမင်လေးနဲ့ ဂျောင်ဂုရဲ့ လက်ထပ်ပွဲကိုသတိရသွားတယ်။

ကာယကံရှင်နှစ်ယောက်က မနက်ဖြန်မှ ကုန်သွယ်နေရာကပြန်လာမှာဖြစ်လို့ အစစအရာရာပြင်ဆင်ထားပေးရမှာက သူနဲ့ နမ်ဂျွန်အပါအဝင် ၊ ဂျွန်အိမ်တော်နဲ့ ပက်အိမ်တော်ရဲ့တာဝန်ပါပဲ။

........................ Sweet Potato......................

"ဟက်.....ဒါဆို ဂျောင်ဂုက ချယ်ယောင်းနဲ့လက်ထပ်ခဲ့တာပေါ့ ဟုတ်လား......."

Sweet Potato (Season-2)Where stories live. Discover now