အပိုင်း-၂၂

738 100 64
                                    

နောက်တစ်နေ့မနက်မှ အစ်ကိုဖြစ်သူကိုနှုတ်ဆက်ဖော်ရတဲ့ ဂျီမင်လေးဟာ နမ်ဂျွန့်ရှေ့မှာကုပ်ကုပ်ကလေးငြိမ်နေခဲ့တယ်။

"တော်တော်ဆိုးနေပါလား မင်လေး.....ဟမ်.....
ဒီခရီးလိုဘယ်လိုများထင်နေတာလဲ......"

*အဆူခံလိုက်တော့*ဆိုတဲ့ ပုံစံနဲ့ကြည့်လာတဲ့ ဆော့ဂျင်ဟာ ညကနမ်ဂျွန့်ဆီကနားညည်းထားပေမယ့် အခုတော့ သူနဲ့မဆိုင်သလိုပင်။

"အဖေနဲ့အမေ့ကိုရော ခွင့်တောင်းခဲ့ရဲ့လား....."

"အစ်ကိုဆော့ဂျင်နဲ့ နတ်နန်းလိုက်သွားမယ်လို့ပြောခဲ့တယ်......."

လက်တစ်လုံးခြားနဲ့ဖြစ်အောင်လုပ်လာတာကို အဆူခံရတော့ ဂျီမင်ကနှုတ်ခမ်းခပ်ဆူဆူ။

"မင်လေးတော်တော်ဆိုးနေတာပဲ......"

"ကလေးကို မဆူပါနဲ့ အစ်ကိုရယ်......"

ကိုယ့်ကလေးကိုသာဆူနေပြီး သူ့လူကိုတော့ အပြစ်မရှိဟန်ပြုနေတာကြောင့် ဂျောင်ဂုက သိပ်မကြည်သာချင်တော့။ အတူတူလာတာချင်းကို
သူ့ကလေးလေးပဲအဆူခံရတာသိပ်မဖြစ်သင့်ဘူးလို့ထင်တာပါပဲ။ အစ်ကိုနမ်ဂျွန်အာရုံပြောင်းသွားအောင် အစ်ကိုဆော့ဂျင်ရှိရာကို မသိမသာအကြည့်ပို့ပေးလိုက်တယ်။

"အဟမ်း......ထားလိုက်ပါတော့.....ရောက်တုန်း ပျော်အောင်သာနေတော့......"

စစ်သူကြီးဟာ ဂျောင်ဂုသဘောကိုရိပ်မိပေမယ့် လျစ်လျူရှုထားလိုက်တယ်။ မင်လေးက ကလေးမို့လို့ ဆူလည်းကိစ္စမရှိပေမယ့် သူ့လူကြီးပေါက်စလေးကို ဆူလို့မဖြစ်။ တော်ကြာစိတ်ဆိုးသွားရင်
ခက်ရချည်မယ်လေ။

...........................Sweet Potato.........................

အိမ်တော်ထဲမှာ လူကြီးအတွဲက ပူးကပ်နေကြသလို၊ ကလေးအတွဲကလည်း မြောက်ပိုင်းဒေသရဲ့ ရှုခင်းတွေကိုကြည့်ဖို့ အပြင်ထွက်လာခဲ့ကြတယ်။ ဂျောင်ဂုတို့နေထိုင်တဲ့ အိမ်တော်ဟာ မြိုတွင်းမှာတည်ရှိတာဖြစ်တာကြောင့် ပြောရမယ်ဆိုရင် အတော်လေးမျက်စိရှုပ်နားရှုပ်စရာကောင်းတယ်။ ဂျီမင် အရင်ကတော့ လူများများနဲ့လုပ်တဲ့ ‌ပွဲတွေကို သဘောကျခဲ့ပေမယ့် အခုတော့
ဂျောင်ဂုနဲ့ နှစ်ယောက်ထဲအချိန်ဖြုန်းချင်မိတာပဲ။

Sweet Potato (Season-2)Where stories live. Discover now