ဂျီမင်အိမ်တော်အပြင်ကို ရောက်လာတော့
ဂျောင်ဂုကအနက်ရောင်မြင်းကြီးရဲ့ ဇတ်ကြိုးကိုကိုင်ထားကာစောင့်နေရင်းက ပြုံးပြတယ်။"ကျန်းမာရေးဂရုစိုက်ပါ သခင်လေး......"
အိမ်တော်ထိန်းကြီးက ဂျီမင်လက်ထဲကို အဝတ်အစားနဲ့ မုန့်ထည့်ထားတဲ့ အိတ်လေးကိုထည့်ပေးရင်းမှာတယ်။ ဖေဖေနဲ့ မေမေက မနေ့ကတည်းက ဆွေမျိုးတွေရှိရာ မြို့ကိုခရီးထွက်သွားခဲ့ပြီး ကိုကိုကလည်း ရုံးတော်မှာအလုပ်များနေတာကြောင့် အိမ်မှာရှိမနေဘူးဆိုတော့
အိမ်တော်ထိန်းကြီးကသာ ဂျီမင်ကိုလိုက်ပို့ပေးတာဖြစ်တယ်။"စိတ်ချပါ အိမ်တော်ထိန်းကြီး....ကျွန်တော် သေချာဂရုစိုက်ပါ့မယ်....."
"ဟုတ်ကဲ့ သေချာဂရုစိုက်ပေးပါနော် သခင်လေး ဂျောင်ဂု ..... ကလေး အအေးမိမှာစိုးလို့ပါ....."
"စိတ်ချပါဗျ.....ကျွန်တော် သေသေချာချာကို ဂရုစိုက်ပါ့မယ်....."
အိမ်တော်ထိန်းကြီးရဲ့ စိုးရိမ်ပူပန်စွာမှာကြားနေတဲ့စကားကို ဂျောင်ဂုသဘောတကျပြုံးရင်း အဖြေပေးလိုက်တယ်။
"သွားပြီနော် ဦးလေး....ပြန်လာရင် မုန့်ဝယ်လာခဲ့မယ်......"
ပြုံးရင်းလက်ပြနှုတ်ဆက်နေတဲ့ အိမ်တော်ထိန်းကြီးက ဂျီမင်တို့မြင်ကွင်းကပျောက်ကွယ်သွားတော့မှ အိမ်တော်ထဲကိုပြန်ဝင်သွားတော့တယ်။
"အိပ်ရေးပျက်သွားလား ကလေးလေး....."
"နည်းနည်းပဲအိပ်ချင်တာပါ......."
ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ ဂျောင်ဂုနဲ့ ဂျီမင်နှစ်ယောက်ထဲ တောင်ဘက်ပိုင်းဒေသကိုခရီးထွက်လာခဲ့ကြတာဖြစ်တယ်။ ဆောင်းဦးဝင်စမို့လို့ အေးစိမ့်စိမ့်ရာသီဥတုကို အံတုက မနက်လင်းကကြက်တွန်ချိန်မတိုင်ခင် ထွက်လာခဲ့တာဖြစ်တာကြောင့် မြို့လမ်းတလျှောက် လူသူရှင်းလင်းနေတယ်။
"ချမ်းနေလား မင်လေး......."
"နည်းနည်း......."
သိုးမွှေးခေါင်းဆောင်း၊ အနွေးထည်ထူထူဝတ်ထားပေမယ့် ပိုပိုကဲကဲသူပြောလိုက်တော့
ဂျောင်ဂုက ဂျီမင် ခန္ဓာကိုယ်တစ်ခုလုံးကိုနောက်ကသိုင်းဖက်ထားလာတယ်။
YOU ARE READING
Sweet Potato (Season-2)