"ပတ်အိမ်တော်က အိမ်ရှေ့စံရဲ့ကမ်းလှမ်းချက်ကိုတော့ လက်ခံလိုက်တယ်ပေါ့ ဟုတ်လား....."
ဂျိုသခင်ကြီးရဲ့စကားတွေဟာ မချိမခံသာလေသံပါဝင်နေခဲ့တယ်။ သူတို့ဂျိုအိမ်တော်ရဲ့ မင်္ဂလာပွဲကျင်းပရဖို့ ကမ်းလှမ်းချက်ကို ပတ်အိမ်တော်က ငြင်းပယ်တယ်ဆိုတာ အင်မတန်ခံပြင်းစရာကောင်းလွန်းတယ်။ ချမ်းသာကြွယ်ဝမှု၊ အာဏာလွှမ်းမိုးမှု စတဲ့အစစအရာရာသာလွန်တွေရှိနေတဲ့
သူတို့ဂျိုအိမ်တော်ကိုငြင်းပယ်ရအောင် ပတ်သခင်ကြီးက သိပ်သတ္တိကောင်းနေတယ်ထင်ပါ့။"မင်းသမီးနဲ့လက်ထပ်မယ့်သူက သားငယ် ဂျီမင်တော့မဟုတ်ပါဘူး သခင်ကြီး......စစ်သူကြီး
နမ်ဂျွန်ပါ......"ပထမတော့ ဂျိုသခင်ကြီးဟာ ဂျိုအိမ်တော်ရဲ့ဂုဏ်သိက္ခာကိုစော်ကားတယ်လို့ယူဆပြီး ဒေါသထွက်တာဖြစ်ပေမယ့် စစ်သူကြီးနမ်ဂျွန်နဲ့ မင်းသမီးလက်ဆက်မယ်လို့သိလိုက်ရတော့ အတွေးကတစ်မျိုးပြောင်းသွားတယ်။ သူကမ်းလှမ်းခဲ့တာဟာ ပတ်အိမ်တော်ရဲ့သားအငယ်ဖြစ်သူဂျီမင်နဲ့ပဲဖြစ်တာကြောင့် *အသက်ငယ်ပါသေးတာကြောင့် အိမ်ထောင်တစ်ခုကို ဦးမဆောင်နိုင်မှာစိုးတယ်*ဆိုတဲ့ ပတ်သခင်ကြီးရဲ့
အကြောင်းပြချက်ဟာလွန်တယ်လို့တော့မဆိုနိုင်ပါ။သူတို့ဂျိုအိမ်တော်နဲ့ သိပ်ပြီးအစေးမကပ်လှသလို ရပ်တည်ချက်ချင်းလည်းမတူညီကြတဲ့ အိမ်ရှေ့စံသာ စစ်သူကြီးကို သမက်တော်ခဲ့မယ်ဆိုရင် ကျားကိုအတောင်ပံတပ်ပေးလိုက်သလိုဖြစ်သွားမှာကိုတော့ သူစိတ်ပူပန်မိတယ်။
"စေ့စပ်ကြောင်းလမ်းခြင်းကို အရင်လုပ်ပြီး မင်းသမီးအသက်ဆယ့်ရှစ်နှစ်ပြည့်တဲ့အခါ လက်ထပ်ပွဲကျင်းပမယ်လို့ သိရပါတယ် သခင်ကြီး......."
လူယုံဖြစ်သူရဲ့ တိတိကျကျသတင်းပေးမှုကြောင့်
ဂျိုသခင်ကြီးဟာ ခဏငြိမ်ကာစဉ်းစားသွားတယ်။ အိမ်ရှေ့စံကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ဆိုရင် သူပြင်ဆင်သင့်တာကိုပြင်ထားမှဖြစ်မယ်လေ။ လက်ရှိမင်းကြီးဟာ သူတို့ဂျိုအိမ်တော်အင်အားကိုမလွန်ဆန်နိုင်တာကြောင့် ဟန်ယန်းတစ်မြို့လုံးကိုသာမကာ တစ်နိုင်ငံလုံးကိုပါ ဂျိုအိမ်တော်က ဩဇာသက်ရောက်နေပေမယ့်
အိမ်ရှေ့စံသာထီးနန်းဆက်ခံရင် အခုလိုမျိုးဖြစ်နိုင်လိမ့်မှာမဟုတ်ဘူး။ အိမ်ရှေ့စံဟာ ခေါင်းမာသလို ဇွတ်တရွတ်ပြုမူလေ့ရှိတာကြောင့် သူတို့ ဂျိုအိမ်တော်နဲ့ဆက်ဆံရေးလည်း သိပ်အဆင်မပြေလှဘူးလေ။
YOU ARE READING
Sweet Potato (Season-2)