"ဒီနေ့ အစ်ကိုဆော့ဂျင်ဆီကို မင်သွားရမှာ........ အဲ့တာ ကိုကိုလိုက်ခဲ့ပေးပါလား........"
စားပွဲပေါ်တွင် လက်နှစ်ဖက်ထောက်ကာပြောတဲ့ ဂျီမင်ကို ချစ်စနိုးဖြစ်လာတာကြောင့် နဖူးကို လက်ညှိုးနဲ့တို့ထိကာ နမ်ဂျွန်စနောက်လိုက်တယ်။
မကြာခင်အသက် ၁၈ပြည့်တော့မယ့် ဂျီမင်ဟာ သူ့အတွက်တော့ ပထမဆုံးမြင်တွေ့ခဲ့ရတဲ့ အနှီးထုပ်လေးအတိုင်းသာ။"ဘာတွေတွေးနေတာလဲ ကိုကိုရာ.....လိုက်ခဲ့မှာလားလို့ ဖြေဦးလေ......"
အခုတလောတွင် ဂျီမင်တစ်ယောက်
ဘာစိတ်ကူးပေါက်သည်မသိ၊ သခင်လေး
ဆော့ဂျင်ဆီကိုသွားဖို့ရှိတိုင်း နမ်ဂျွန်ကို လိုက်ခဲ့ဖို့ခေါ်တတ်တယ်။"အဲ့တာဆို ကိုကို ညနေကျစောစောပြန်လာခဲ့မယ်လေ........"
ကင်စံအိမ်တော်ကို သွားချင်လွန်းလှတဲ့ နမ်ဂျွန်ကလည်း ငြင်းဖို့ကိုအတွေးထဲမရှိ။
"မင်က ကိုကိုမလိုက်ချင်လောက်ဘူး ထင်နေတာ......"
မျက်လုံးလေးထောင့်ကပ်ပြီး ပြောနေတဲ့ ဂျီမင်ရဲ့မျက်နှာမှာ အစ်ကိုဖြစ်သူကို ကျီစယ်လိုဟန်ကအထင်းသားရယ်။
"မင်လေးတစ်ယောက်ထဲဖြစ်နေမှာစိုးလို့ပါ....."
လူကြီးရှက်တော့ရယ်တယ်ဆိုတဲ့ဆိုရိုးအတိုင်း ကိုကိုက ခပ်ဟဟရယ်ရင်း ပြောတော့ ဂျီမင်နှာခေါင်းရှုံ့ပြလိုက်တယ်။
"အပိုတွေ မပြောပါနဲ့နော်.....ကိုကို အစ်ကိုဆော့ဂျင်ကို သဘောကျနေတာ မင်သိတာပဲကို......"
အစ်ကိုဆော့ဂျင်ကိုမြင်တဲ့အချိန်တိုင်း ပြောင်းလဲတတ်တဲ့အမူအရာတွေကြောင့် ကိုကိုစိတ်ဝင်စားနေမှန်းရိပ်မိတာကြာနေပြီဆိုပေမယ့် လူကြီးတွေအနေခက်ကြမယ်ဆိုတဲ့အတွေးနဲ့ သူက မသိချင်ယောင်ဆောင်နေပေးခဲ့တာ။
"အာ.....မင်လေးကလည်း......."
မဟုတ်ဘူးလို့မငြင်းနိုင်ရှာတဲ့နမ်ဂျွန်က ရှက်ရယ်သာရယ်နေတယ်။
"အစ်ကို ဆော့ဂျင်နဲ့ အဆင်ပြေအောင် ကိုကို့ကို မင်ကူညီပေးရမလား....."
ဂျီမင်ရဲ့အမေးကို နမ်ဂျွန်ကအဖြေမပေးသေးဘဲ ဆက်ရယ်နေတယ်။
YOU ARE READING
Sweet Potato (Season-2)