"နင်ဘယ်လိုရောက်လာတာလဲ ချယ်ယောင်း....."သူနန်းဆောင်ကိုရောက်လာတော့ ဟယ်ယွန်းက ဝမ်းသာအားရနှုတ်ဆက်တယ်။ သူတို့နှစ်ယောက်မတွေ့ဖြစ်တာ အချိန်တစ်ခုကြာခဲ့ပြီ။ အတိအကျပြောရရင်တော့ အစ်ကိုဂျီမင်နဲ့ပတ်သက်ပြီး သူ ဟယ်ယွန်းကိုရှောင်နေခဲ့မိတာ။
"နင့်ကိုသတိရလို့ပေါ့......"
ကျေနပ်သွားပေမယ့် ချယ်ယောင်းကို သူမျက်စောင်းထိုးပစ်လိုက်တယ်။ လာဖြင့်မတွေ့ဘဲနဲ့ အပိုစကားတွေက။
"သတိရရင်ဘာလို့မလာလဲ....."
ချယ်ယောင်းက အဖြေမပေးဘဲ ခပ်ဖွဖွနဲ့ နှစ်သိမ့်သလိုပြုံးတယ်။ ဒီအပြုအမူက ဘယ်လိုအဓိပ္ပါယ်ဆိုတာ တိတိကျကျပြောဖို့ခက်ပေမယ့် ဟယ်ယွန်းစိတ်ထဲသဘောမတွေ့လှပါဘူး။
"ပြောစမ်း နင်ဘာတွေဖြစ်နေတာလဲ......"
အကြောင်းအရင်းအရှိ သစ်သီးပန်းကန်ကိုစိုက်ကြည့်နေတဲ့ ချယ်ယောင်းက ဟယ်ယွန်းဆီကိုအကြည့်ပို့တယ်။
"ငါ......နင့်ကိုပြောစရာရှိတယ်......"
မဝံ့မရဲပြောဟန်က ချယ်ယောင်းနဲ့သိပ်ပြီး
မအပ်စပ်လှပါဘူး။ သူ့သူငယ်ချင်းလေးဟာ ဘယ်တုန်းကများမပြတ်မသားဖြစ်ခဲ့ဖူးလို့လဲ။
လိုချင်တာကိုရအောင်ယူတတ်တဲ့ တဇွတ်ထိုးစိတ်လေးနဲ့ ချယ်ယောင်းကို အမြဲတမ်းပျော်စေချင်တာက ဟယ်ယွန်းရဲ့ဆန္ဒပါပဲ။ မိဘအသိုင်းအဝိုင်းချင်းက မကြည်သာလှပေမယ့် ချယ်ယောင်းကို သူကတော့သိပ်ချစ်ပါတယ်။"ပြောလေ.....ဘာတွေဖြစ်နေတာလဲ....နင်မဟုတ်သလိုနဲ့......"
ပန်းသီးတစ်စိတ်ကိုဝါးနေရင်း ဟယ်ယွန်းကပြောတော့ ချယ်ယောင်းပိုပြီးစိတ်လှုပ်ရှားလာတယ်။
"ဟယ်ယွန်း နင်ငါ့ကိုစိတ်မဆိုးနဲ့နော်......"
"ဘာလို့လဲ.....ပြောမှာသာပြောစမ်းပါ....."
"ငါ.....ငါနဲ့ အစ်ကိုဂျီမင် ရင်းနှီးနေကြပြီ......"
*ဒါလေးများ*ဆိုတဲ့သဘောနဲ့ ဟယ်ယွန်းက ရယ်လိုက်ပေမယ့် နောက်ဆက်တွဲပြောလာတဲ့
ချယ်ယောင်းစကားကြောင့် တဖြည်းဖြည်းတွေးစရာများလာခဲ့တယ်။
YOU ARE READING
Sweet Potato (Season-2)