"အခြေအနေဘယ်လိုရှိလဲ......"
"ပင်ပန်းပြီး အိပ်ပျော်နေပါတယ် မင်းသမီး....."
ကိုယ်ရံတော်ကိုမေးလိုက်ပြီးမှ ဟယ်ယွန်းအခန်းထဲကိုဝင်သွားလိုက်တယ်။ ကုတင်ပေါ်မှာ ငြိမ်ငြိမ်သက်သက်အိပ်ပျော်နေတဲ့ ချယ်ယောင်းဟာ မျက်နှာလေးတောင်ချောင်ကျလို့၊ ငိုထားတာကြောင့် မျက်လုံးတွေကတော့မို့အစ်နေတယ်။ ဘယ်ကမှန်းမသိတဲ့ လူတွေရဲ့ ဖမ်းခေါ်ထားခြင်းကို ခံရတာကြောင့် သူကျိန်းသေကြောက်နေခဲ့လိမ့်မယ်။ ဟယ်ယွန်းကိုယ်တိုင်ရှင်းပြမှဖြစ်မှာကြောင့် သာမဟုတ်ရင် သူ့သူငယ်ချင်းလေးကို
စိတ်မဆင်းရဲစေချင်ပါဘူး။"ဟယ်ယွန်း......"
ချယ်ယောင်းက သူငြင်ငြင်သာသာလှုပ်နှိုးလိုက်ပေမယ့် ဆတ်ခနဲတုန်သွားကာ မျက်လုံးဖွင့်ကြည့်တယ်။
"ဟယ်ယွန်း.......ငါ့ကိုလာကယ်တာလား ဟင်....."
သူ့ကိုမြင်မှ တရှုံ့ရှုံ့ငိုရင်းမေးတဲ့ ချယ်ယောင်းကို ဟယ်ယွန်းဘယ်လို ဖြေရပါ့မလဲ။
"ဟန်ယန်းကထွက်သွားရမယ် ချယ်ယောင်း....."
မျက်ရည်တွေကြားကနေ ချယ်ယောင်းကမော့ကြည့်တယ်။
"ဂျိုအိမ်တော်တစ်ခုလုံးထိန်းသိမ်းခံလိုက်ရပြီ ချယ်ယောင်း......."
မယုံကြည်နိုင်စွာနဲ့ သူ့ကိုကြည့်လာပေမယ့်
ချယ်ယောင်းက ဘာမှတော့မေးမလာဘူး။ မမေးတာထက် ဘာမေးရမယ်ဆိုတာမသိနိုင်လောက်အောင် အံ့သြတကြီးဖြစ်နေတာဖြစ်ပါလိမ့်မယ်။"အဖေနဲ့ အစ်ကိုကြီးဆီကို ငါသွားချင်တယ်..... ဟယ်ယွန်း ငါ့ကိုလိုက်ပို့ပေးပါ......"
တရှုံ့ရှုံ့ငိုပြန်တဲ့ ချယ်ယောင်းကို သူဘယ်စကားလုံးနဲ့နှစ်သိမ့်ပေးရမယ်မှန်းစဉ်းစားမရဘူး။
"ဂျိုသခင်ကြီးကိုတော့ နန်းတွင်းတပ်ဖွဲ့ကထိန်းသိမ်းသွားပြီ ချယ်ယောင်း......အစ်ကိုကြီး
မင်ဂျယ်တော့ လွတ်မြောက်နေဆဲပဲ......."ချယ်ယောင်းကမျက်ရည်တွေကပြာကယာသုတ်တယ်။
"အဲ့တာဆို ငါအစ်ကိုကြီးကိုသွားရှာမယ်......"
YOU ARE READING
Sweet Potato (Season-2)