"အလုပ်များနေတာလား အစ်ကိုဆော့ဂျင်......"ခန္ဓာကိုယ်တစ်ပိုင်းကို စားပွဲပေါ်ကိုလက်ထောက်ပြီး ကိုင်းညွတ်ရင်းမေးတဲ့ ဂျီမင်ကို ဆော့ဂျင်က ပြုံးရင်းခေါင်းခါပြတယ်။ ပုံမှန်ဆိုလည်း ဂျီမင်က တစ်ပတ်ကိုတစ်ရက်၊နှစ်ရက်လောက်တော့ သူ့ဆီလာလည်လေ့ရှိတာကြောင့် သူအလုပ်များခြင်းမများခြင်းဟာ ဒီဧည့်သည်လေးအတွက် အကြောင်းပြချက်မဟုတ်ခဲ့ပါပေ။
"မများပါဘူး......အလုပ်များလည်း ဒီဧည့်သည်သေးသေးလေးအတွက်တော့ အစ်ကိုအချိန်ရှိပါတယ်......"
အလိုလိုက်မှုတွေနဲ့ကြီးပြင်းလာခဲ့တဲ့ ကလေးလေးဟာ ဆော့ဂျင်စကားကိုကျေနပ်စွာနဲ့သွားလေးတွေပေါ်အောင်ပြုံးတယ်။
"မင် အစ်ကိုဆော့ဂျင်ကို သတိရနေတာ....."
"သတိရရင်လာလည်ပေါ့ မင်လေးရဲ့......"
"မင် ဓားရေးပညာသင်နေရပြီ အစ်ကိုရ....."
သူ့ဆီမကြာခဏလာတတ်တဲ့ ဂျောင်ဂုပြောပြထားလို့ ဒီအကြောင်းကို ဆော့ဂျင်သိပြီးသားဆိုပေမယ့် မင်လေးပြောတာကိုသာ စိတ်ဝင်တစားနားထောင်နေလိုက်တယ်။ မင်လေးမျက်နှာက ဓားရေးသင်ရတဲ့အကြောင်းကိုပြောပြချိန်မှာ အနည်းငယ်မကြည်မသာဖြစ်နေခဲ့တာကိုလည်း သတိပြုမိရင်းပေါ့လေ။
"ဂျောင်ဂုသင်ပေးတာလေ......."
"မင်လေးက မပျော်ဘူးလား......"
"အရင်က ပျော်တယ်...."
အရင်ကပျော်တယ်ဆိုတာ အခုမပျော်ဘူးဆိုတဲ့သဘောကိုသက်ရောက်တာမို့လို့ ဆော့ဂျင်အတွေးများသွားတယ်။ ဂျောင်ဂုနဲ့အတူရှိရတာကို ဂျီမင်ကအမြဲသဘောကျခဲ့တာကို သူမှတ်မှတ်ထင်ထင်ရှိနေခဲ့တယ်လေ။
"ဘာလို့လဲ......မင်လေးကို ဘယ်သူကမပျော်အောင်လုပ်တာလဲ......."
"ဂျောင်ဂုပေါ့........"
စားပွဲပေါ်ကရေနွေးခွက်ကိုတို့ထိရင်း ဂျီမင်ကစိတ်မလက်မပါဖြေတယ်။
"ဂျောင်ဂု......."
"အင်း.....ဂျောင်ဂု.....မင့်ကို စိတ်ညစ်အောင်လုပ်တယ်......"
ဂျောင်ဂုရဲ့ ဂျီမင်အပေါ် သဘောထားကိုတိတိကျကျသိထားတာကြောင့် ဒီစကားကို
ဆော့ဂျင်မျက်ခုံးပင့်မိမတတ်ပဲ။
YOU ARE READING
Sweet Potato (Season-2)