အပိုင်း-၁၈

771 101 44
                                    

"ကျွန်တော် အစ်ကို့ကိုချစ်တယ်......."

လိုရင်းတိုရှင်းဝန်ခံစကားလေးဟာ ဆော့ဂျင်နှလုံးသားတစ်ခုလုံးကို တဖျတ်ဖျတ်လက်နေတဲ့ ပွင့်ချပ်သေးသေးချွန်ချွန်လေးတွေရှိတဲ့
ကြယ်တာရာပန်းတွေပွင့်စေတာပဲ။

"အစ်ကို စိတ်မဆိုးဘူးမဟုတ်လား ဟင်......"

နေ့ရွှေ့၊ညရွှေ့နဲ့ဖွင့်ပြောဖို့ပြင်ဆင်ကြိုးစားခဲ့ပေမယ့် တကယ်တမ်းဖွင့်ပြောတော့ ဘာမှတောင်သေချာမပြင်ဆင်နိုင်ခဲ့။ အလောသုံးဆယ်ပြောလိုက်ပြီးမှ သတိပြုမိတာက အစ်ကိုစိတ်ဆိုးသွားလားဆိုတာပဲ။ အရင်ကတော့ အစ်ကိုငြိုငြင်မှာစိုးလို့မပြောခဲ့ပေမယ့် အခုတော့ သူစိတ်လွတ်စွာနဲ့ ဖွင့်ပြောမိခဲ့ချေပြီ။

"စိတ်မဆိုးပါနဲ့ အစ်ကိုနော်......ကျွန်တော်တောင်းပန်ပါတယ်......"

လူတစ်ကိုယ်လုံး ရင်ခွင်ထဲရောက်နေတာကိုတောင် စိတ်ဆိုးနေတာလားလို့ မေးနေတဲ့ စစ်သူကြီးကို ဦးလေးရှင်းသာတွေ့ရင် *စစ်သူကြီးရယ်*လို့သာ ထပ်မံညည်းညူလိမ့်မယ်ထင်ပါရဲ့။ အခုတော့ အဖြူရောင်ပုံရိပ်လေးက အနက်ရောင်ပုံရိပ်လေးရဲ့ထွေးပွေ့မှုမှာ ငြိမ်သက်လို့။

"အစ်ကို့ကိုကျွန်တော် တကယ်ချစ်တာပါ......"

"မင်းက စေ့စပ်တော့မှာလေ......."

အခုထက်အချိန်စောပြီးသာ အစ်ကို့သဘောထားကိုသိခဲ့ရင် မင်းသမီးနဲ့စေ့စပ်ဖို့ကို နမ်ဂျွန်ငြင်းခဲ့မိမှာသေချာပါတယ်။ ညီလေးကို ချစ်တဲ့သူနဲ့မဝေးစေချင်လို့သာ စေ့စပ်ပွဲကို သူလက်ခံခဲ့တာဖြစ်တာကြောင့် အစ်ကို့ကို သူ မခွဲနိုင်ပါဘူး။ တစ်ခုပဲစိတ်မကောင်းရတာက အစ်ကိုစဉ်းစားဖို့ သူအချိန်လုံလုံလောက်လောက်မပေးနိုင်ခဲ့တာကိုပါပဲ။

"ကျွန်တော် တောင်းပန်ပါတယ်......"

တောင်းပန်စကားကလွဲလို့ သူဘာပြောရမယ်ဆိုတာတွေးမိပုံမရတဲ့နမ်ဂျွန်ရင်ခွင်ထဲကနေ
ဆော့ဂျင်အခုထိမရုန်းဖယ်မိသေးဘူး ။
သစ်ဂျပိုးခေါက်ရနံ့လို ယောက်ျားဆန်ဆန်ရနံ့ကြောင့်လား၊ နွေးထွေးတဲ့ရင်ခွင်ကြောင့်လား၊ ချစ်ရတဲ့သူကြောင့်လားတော့ မသိ....ဒီအချိန်တွေကို သူရပ်တန့်ထားချင်မိတာပါပဲ။

Sweet Potato (Season-2)Where stories live. Discover now