"ကိစ္စတွေ အဆင်ပြေပြေရှိနေရဲ့လား......"
"ဟုတ်ကဲ့ အရှင်မင်းကြီး......."
မြို့တွင်းတစ်နေရာမှာ လျှို့ဝှက်တွေ့ဆုံနေကြတဲ့
အနက်ရောင်ပုံရိပ်နှစ်ခု။"မြောက်ပိုင်းနယ်စပ်ကိုသွားချင်လို့ သုံးရက်လောက်ခွင့်ပေးစေချင်ပါတယ် အရှင်မင်းကြီး....."
အရှင်မင်းကြီးက တစ်ဖက်လူကိုပြုံးကြည့်လာတယ်။
"ရပါတယ်......သွားလေ......ပြန်လာရင်
ကိစ္စတွေ အဆုံးသတ်ဖို့ပြင်ဆင်ထားလိုက်တော့......"တစ်ဖက်လူရဲ့စကားကို မင်းကြီးကပြုံးလိုက်ရင်း အဖြေပြန်ပေးတယ်။
"စိတ်ချပါ အရှင်မင်းကြီး......ကျွန်တော်ကတိတည်ပါ့မယ်......."
"ဒါဆိုလည်း ကိုယ်တော်စိတ်ချထားလိုက်ပါ့မယ်......"
သဘောတူညီမှုရပြီးတာနဲ့ အနက်ရောင်ပုံရိပ်တစ်ခုက
အမှောင်ရိပ်တွင်းတိုးဝင်ပျောက်ကွယ်သွားတော့တယ်။...........................Sweet Potato.........................
နဂိုထဲက ဘာမှထူးထူးခြားခြားတာဝန်ထမ်းဆောင်စရာမရှိတဲ့ မြောက်ပိုင်းဒေသဟာ
အစ်ကိုနမ်ဂျွန်ရောက်လာတော့ ဂျောင်ဂုအတွက်
အချိန်တွေပိုအားလာခဲ့တယ်။ နေဝင်ချိန်စောတဲ့ မြောက်ဘက်ပိုင်းဟာ မြို့တော်ဟန်ယန်းထက်လည်း အအေးဓာတ်ပိုတယ်။ဒီမှာ တာဝန်ထမ်းဆောင်ရတာဟာ အန္တရာယ်များတဲ့တာဝန်တွေနဲ့မဟုတ်ဘဲ မြောက်က်ပိုင်းဒေသရဲ့ မြေပုံကို အသေးစိတ်ဖြည့်စွက်ပေးရခြင်းသာဖြစ်တယ်။ တစ်နေ့လုံး အလုပ်များနေရတာကြောင့် စိတ်ကို အနားမပေးရတာကသာ သူ့အတွက်တော်သေးတယ်လို့ဆိုရပါမယ်။
ညနေပိုင်းအစ်ကိုနမ်ဂျွန်နဲ့ သူရုံးတော်က ပြန်လာပြီးလို့ အိမ်တော်( မြောက်ပိုင်းဒေသမှာ တာဝန်ထမ်းဆောင်ဖို့ ရုံးတော်ကစီစဉ်ပေးထားတဲ့နေရာ)
ကိုပြန်ရောက်တော့ ဂျောင်ဂုတစ်ယောက် စာဖတ်ခန်းမှာအချိန်ကုန်ဖို့ကြိုးစားရပြန်တယ်။သတိရပေမယ့် ပြေးမတွေ့နိုင်တဲ့ သူ့ ဂျီမင်လေးရော အခုချိန်ဘာတွေများလုပ်နေမှာပါလိမ့်။
YOU ARE READING
Sweet Potato (Season-2)