/ Unicode /
စကားတစ်ခွန်းမှမပြောပဲ မျက်နှာတည်ကြီးနဲ့ နေနေ
တဲ့ Jungkook ကြောင့် Jimin နေမထိထိုင်မသာ
ဖြစ်လာတယ် ။ အခုလိုမျိုး တိတ်ဆိတ်နေတဲ့ အိမ်
ပြန်ချိန်ကို တစ်ခါမှမကြုံဖူးတဲ့အတွက် နဂိုအတိုင်း
ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ သူ မသိဘူး ။ ဘာ
ဖြစ်နေတာလဲ လို့ မေးချင်ပေမယ့် သူ့ကို လာခေါ်
ကတည်းကနေ အခုထိ စကားတစ်ခွန်းမှမပြောပဲ
နေနေတာမို့ စိတ်ဆိုးစရာတစ်ခုခုရှိတယ် ဆိုတာ
ကိုပဲ Jimin ခန့်မှန်းလို့ရတယ် ။" လာကြပြီလား ။ Jimin ဒီကိုကြည့်လိုက်ဦး "
အိမ်ထဲဝင်လိုက်တာနဲ့ အရင်ကြားရတာက Seokjin
hyung ရဲ့ အသံ ။ hyung ညွှန်ပြနေတဲ့ စားပွဲပေါ်က
ဟင်းပွဲတွေကို မြင်တဲ့အခါ Jimin ထိတ်ခနဲ ဖြစ်
သွားတယ် ။" ပဲပြားကြော်လား? "
" ဟုတ်ပါ့ ။ Jimin စားချင်တယ်ဆိုလို့ သခင်လေး
Jeon က ကိုယ်တိုင်ကိုယ်ကျ မီးဖိုချောင်ဝင်တာလေ"" တစ်သက်လုံး Seokjin hyung ချက်ကျွေးသမျှ
စားလာတဲ့လူက ယောက်ျားအတွက်ကြတော့
မီးဖိုချောင်ဝင်တယ် "Namjoon hyung နဲ့ Seokjin hyung ရဲ့ စနောက်
နေတဲ့ စကားတွေကို Jimin လိုက်မရယ်နိုင်ပဲ အခု
လေးတင်စားလာတဲ့ ပဲပြားကြော်တွေကိုသာ အန်
ထုတ်ပစ်ချင်လာတယ် ။ သူက....။ သူက Jungkook
ဒီနေ့လုပ်ကျွေးမယ် လို့မှ ထင်မထားတာကို ။" အေးကုန်ရင် မကောင်းဘူး ။ မြန်မြန်လာစား
Jimin "" ဟုတ် hyung "
ထပ်မစားနိုင်လောက်အောင် ဗိုက်ပြည့်နေပေမယ့်
လည်း Jimin စားပွဲမှာချက်ချင်းဝင်ထိုင်ကာ ပဲပြား
ကြော်တစ်ခုကို တူနဲ့လှမ်းယူပြီး တစ်ကိုက်ကိုက်
လိုက်တယ် ။ ကြွပ်နေတဲ့ အပြင်အသားတွေက
မတူးပဲအနေတော်ဖြစ်သလို အထဲကအသားက
လည်း ကောင်းကောင်းကျက်ပြီး နူးနူးညံ့ညံ့လေး ။
အစပ်အဟပ်ကလည်းတည့်တဲ့အပြင် အနည်းငယ်
ဖြူးထားတဲ့ နှမ်းအနံ့ရယ် ကြက်သွန်မြိတ်မွှေးမွှေး
လေးရယ်ပေါင်းလိုက်တော့ Jimin အသံထွက်တဲ့
အထိ မှတ်ချက်ပေးမိသွားတယ် ။" စားလို့ကောင်းလိုက်တာ ။ အရမ်းပဲ "
ခုနက Jaein ကြော်ကျွေးတဲ့ ပဲပြားကြော်နဲ့ အပြင်အဆင် အဆာပလာ အတူတူပဲဆိုပေမယ့် သူ့ပါးစပ်
ထဲတော့ Jungkook ကိုယ်တိုင်ကြော်ကျွေးတဲ့
ပဲပြားကြော်က ပိုအရသာရှိတယ် ။
![](https://img.wattpad.com/cover/185723289-288-k122073.jpg)
BẠN ĐANG ĐỌC
𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕
Siêu nhiênကြယ်တွေ စုံနေစရာမလိုဘူး Jungkook သာ အနားမှာရှိမယ်ဆိုရင် လမိုက်ည ဖြစ်နေရင်တောင် ကျွန်တော့် ကောင်းကင်က လင်းပါတယ် Park Jimin ခွဲခွာခြင်းတွေကို ကိုယ်မကြိုက်ဘူး Jimin အဲ့ဒါကြောင့် ကြုံလာသမျှ ပြဿနာ...