Chapter 13

7.3K 872 115
                                    

/Unicode/

" Jimin ရေ ၊ ကိုယ် ပြန်လာပြီ "

အိမ်ထဲကိုရောက်တဲ့အချိန်မှာ ဘာအသံမှမကြားရပဲ
တိတ်ဆိတ်နေတာမို့ ၊Jungkook လက်ထဲက ဆေးတွေကို စားပွဲပေါ်တင်ခဲ့ကာ ၊  အခန်းထဲ၀င်ပြီး
အသံပေးလိုက်ပေမယ့်လည်း Jimin ကို အရိပ်
အယောင်တောင်မမြင်ရပေ။ ခဏအကြာမှာ တစ်စုံ
တစ်ခုကို ဖျတ်ခနဲ သတိရသွားတာကြောင့် Jungkook ခြေလှမ်းတွေကို အိမ်အနောက်ဘက်က
ခြံထဲဆီ ဦးတည်လိုက်သည်။

အနောက်ဘက်တံခါးကို ရောက်တဲ့အခါမှာတော့
တွေ့ပါပြီ....။ ခြံထဲမှာ ရေတစ်ပုံးနဲ့ အလုပ်ရှုပ်နေတဲ့
အကောင်ပေါက်လေး။ ဒီရက်ပိုင်း ခြံထဲ မဆင်းပါနဲ့လို့ သေချာမှာထားတာကို ၊ ဒါက ဘယ်လိုတောင်
စကားနားထောင်ရတာလဲ။

" Jimin! "

တမင်တကာ အသံကို ခပ်မာမာလုပ်ကာ ခေါ်တော့
ဆတ်ခနဲ လှည့်ကြည့်လာတာက သူခိုးလူမိတဲ့
ရုပ်လေးနဲ့။

" Jungkook! "

ခဏလောက်ကြောင်ကြည့်နေပြီးမှ လက်ထဲက ရေပုံးကို ပစ်ချကာ သူ့နာမည်ကို ခပ်ကျယ်ကျယ်
ခေါ်ရင်း ချက်ချင်းပြေးလာတယ်။

" Jungkook ပြောတော့ နောက်ကျမှာဆို "

" ဆေးက အဆင်သင့်ရခဲ့လို့ မြန်မြန်ပြန်လာတာ၊ ကိုယ် နောက်ကျမယ်ဆိုလို့ စကားနားမထောင်ပဲ လုပ်ချင်ရာ လုပ်နေတယ်ပေါ့လေ ဟင်??? "

" စကားနားမထောင်တာ မဟုတ်ပါဘူး Jungkook ကလည်း~~~~~~Jungkook မရှိတော့ တစ်ယောက်တည်း ပျင်းလို့ဟာကို ၊ ပြီးတော့
အပင်တွေက နေ့တိုင်း Jungkook ပဲ ရေလောင်း
နေရတာလေ ၊ အဲ့ဒါကြောင့် Jungkook
ပင်ပန်းမှာစိုးလို့ ကျွန်တော်က အစား၀င်လုပ်ပေးတာ အဟီး "

သူ့ကို ခါးကနေဆတ်ခနဲ ဆွဲဖက်ပြီး ရင်ခွင်ထဲကနေ
မော့ကြည့်ကာ နှုတ်ခမ်းလေးဆူရင်း ဖြေပုံကြောင့်
ဆူပစ်ဖို့ တင်းထားတဲ့ Jungkook ရဲ့ စိတ်တွေဟာ
ဖြည်းဖြည်းချင်း အရည်ပျော်လေပြီ။ အတင်းတွေရှင်းပြပြီး မျက်နှာချိုသွေးသလိုပါ ရယ်ပြနေတာ​ကို ဒီက ဘယ်လိုစိတ်နဲ့ ဆူနိုင်တော့မလဲ။ 

" ကိုယ်က ဒါလေးလုပ်ရတာ ဘာမှမဖြစ်ဘူး ၊
Jimin က အခုမှ အနာသက်သာခါစလေ ၊ လှုပ်လှုပ်
ရှားရှားမလုပ်သင့်ဘူး "

𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕Where stories live. Discover now