Chapter 15

7.1K 892 76
                                    

/ Unicode /

" သခင်လေး Jeon အိမ်ပြန်လို့ ရပါပြီ "

အသံကြားရာ တံခါး၀ကို လှည့်ကြည့်လိုက်တော့၊
သစ်သားတံခါးကို ဖွင့်နေတဲ့ ကိုယ်ရံတော်ကို
တွေ့လိုက်ရသည်။ အိမ်ပြန်လို့ရပြီ??? သူနားကြား
များ မှားသလား။ နားမလည်နိုင်စွာနဲ့ ငြိမ်နေတုန်း
မှာပဲ တံခါးဖွင့်ပေးပြီးသွားတဲ့ ကိုယ်ရံတော်က ၊
သူ့ကို ဦးညွှတ်ပြီး ခုနက စကားကိုပဲ ထပ်ပြောတယ်။

" သခင်လေး Jeon အိမ်ပြန်လို့ ရပါပြီ "

" ဘာဖြစ်လို့လဲ  ကိုယ်ရံတော် ၊ ကျွန်တော်
အပြစ်ဒဏ်ခံယူတာ နှစ်ရက်ပဲ ရှိသေးတယ်လေ "

" ဟုတ်ပါတယ် ၊ ဒါပေမယ့် အရှင်မင်းကြီးက
အပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ပေးလိုက်ပါပြီ "

" ကောင်းကင်မင်းကြီးက?? "

သူ့ရဲ့ ခပ်တိုးတိုးရေရွတ်မှုကို ကိုယ်ရံတော်က ခေါင်း
အသာ ငြိမ့်ပြသည်။ နှစ်ရက်ပဲ ရှိနေသေးတာကို
အပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးတယ် ဆိုတာက
တစ်ခုခု ထူးဆန်းနေတယ် လို့ Jungkook ခံစား
ရတယ်။

" ကျွန်တော့်ကို ကောင်းကင်မင်းကြီးက ဘာလို့
ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးတာလဲ "

" နောက်ကျရင် သိပါလိမ့်မယ် သခင်လေး ၊
ကျွန်တော် ဒီလောက်ပဲ ပြောတတ်ပါတယ် "

" ကျွန်တော် ကောင်းကင်မင်းကြီးနဲ့ တွေ့လို့ရမလား "

" အရှင်မင်းကြီးက အခုမအားပါဘူး သခင်လေး
Jeon ၊ အခုလောလောဆယ်တော့ သခင်လေး Jeon
အိမ်ပြန်လိုက်ပါ ၊ ကျွန်တော် ဂိတ်၀ အထိ လိုက်ပို့
ပေးပါ့မယ် "

သူထွက်လာမှာကို ခေါင်းငုံ့ရင်း စောင့်နေတဲ့ ကိုယ်ရံ
တော်ကြောင့် Jungkook အခန်းထဲကနေ ခပ်ဖြည်း
ဖြည်းထွက်လာလိုက်သည်။ အိမ်ပြန်ပါလို့ ​
အမိန့်ရှိလာမှတော့ အိမ်ပြန်ဖို့ပဲ ရှိတော့တာလေ။
လမ်းလျှောက်တဲ့အချိန် ခါးကို မတ်လိုက်တဲ့အခါ
ကျောက ဒဏ်ရာတွေရဲ့ နာကျင်မှုက ပိုလာတယ်။
ဒါပေမယ့်လည်း Jungkook ဟန်တစ်ချက် မပျက်ပဲ
ခပ်ဖြည်းဖြည်းလျှောက်ကာ အိမ်အပြန်လမ်းဆီ
ဦးတည် ခဲ့လိုက်သည်။ ဂိတ်၀ကို ရောက်တဲ့အခါ
မှာတော့ ကိုယ်ရံတော်က သူ့ကို ခေါင်းညွှတ်နှုတ်ဆက်ပြီး ပြန်သွားလေသည်။

𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕Dove le storie prendono vita. Scoprilo ora