Chapter 10

9.6K 1K 136
                                    

/Unicode/

နိုးနိုးလာချင်း နဖူးကို ရိုက်ခတ်နေတဲ့ လေငွေ့နွေးနွေး
ကြောင့် Jimin မျက်တောင်တွေကို တစ်ဖျတ်ဖျတ်ခတ်
ရင်း အခြေအနေကို သုံးသပ်မိတယ်။ နိုးလာတိုင်းကြား
ရတဲ့ ကျီကျီကျာကျာ ငှက်သံတွေဟာ Andoland ရဲ့
မနက်ခင်း သင်္ကေတ တစ်ခုပါပင်။ ပုံမှန်ထက် ထူးခြား
နေတာ တစ်ခုက ရှေ့တည့်တည့်က ရင်ခွင်အကျယ်
ကြီး။ ပြီးတော့ ခါးတစ်ဝိုက်ကို ရစ်ပတ်ထားတဲ့
လက်တစ်စုံ။ အဲ့ဒါအပြင် သူအိပ်နေတာ ခေါင်းအုံး
ပေါ်မှာ မဟုတ်ဘူး ဆိုတာကိုပါ သတိထားမိသွားတဲ့အခါ Jimin ရင်တွေခုန်လာပြန်သည်။ အရင်တစ်ခါ
ကလို ဝေဝေဝါးဝါး မဟုတ်ပါပဲနဲ့ ပီပီပြင်ပြင်ကို ခံစား
နေရတဲ့ Jungkook ရင်ငွေ့ဟာ ထင်ထားတာထက်
အများကြီးပိုနွေးထွေးနေတယ်။

အပေါ်ကို မဆိုစလောက်လေး မော့ကြည့်လိုက်တော့ သူ့ကို ပွေ့ဖက်ရင်း အိပ်ပျော်နေသေးတဲ့ Jungkook
ကြောင့် Jimin ထ ဖို့ မစဉ်းစားမိတော့ပဲ Jungkook
မျက်နှာကို သေချာကြည့်နေမိတော့သည်။

နဖူးပြေပြေလေးကနေ သွယ်ဆင်းလာတဲ့ နှာတံ
တစ်ဖက်တစ်ချက်က မှိတ်ထားဆဲ မျက်လွှာလေးတွေဟာနက်စင်းနေတဲ့ မျက်တောင်ရှည်ရှည်လေးတွေနဲ့
အနားသတ်ထားတယ်။ ထိုမျက်လွှာအောက်မှာတော့
ဝိုင်းစက်စက် မျက်ဝန်းလေးတွေ ရှိနေလိမ့်မည်။
တစ်ခါတစ်ခါ စူးစူးရဲရဲ ဖြစ်နေတတ်သလို သူနဲ့ဆိုရင်
အများအားဖြင့် နူးညံ့နေတတ်တဲ့ ထိုမျက်ဝန်းတွေဟာ Jimin ရင်ခုန်ရခြင်း အကြောင်းအရင်းရဲ့ တစ်စိတ်
တစ်ပိုင်းပေါ့။ ပြီးတော့ ယောက်ျားပီသတဲ့ မေးရိုး
ကျပုံ..အနီးကပ်မြင်နေရတဲ့ လည်ပင်းတစ်လျှောက်က
သွေးကြောစိမ်းတွေ။

ကြည်ကြည်လင်လင်နဲ့ နိုးထလာတဲ့ မနက်ခင်းဟာ Jungkook ရဲ့ ချောမောနေမှုကြီးကြောင့် ကျက်သရေ အပေါင်းနဲ့ပါပြည့်စုံသွားတာမျိုး။ ကိုယ့်ဘာသာတွေး
ပြီးတော့မှ Jimin သဘောတကျနဲ့ ကြိတ်ပြီးရယ်မိ
တယ်။ ဘယ်တုန်းကတည်းကများ သူ Jungkook ကို
ဒီလောက်အထိ စွဲလမ်းနေမိတာလဲ။

မျက်စိရှေ့မှာ အသက်ရှူသံ မှန်မှန်နဲ့ အိပ်ပျော်
နေတဲ့ ထိုလူသားဟာ သူမှတ်မိသလောက်တော့
စစတွေ့ခြင်းကတည်းက သူ့နှလုံးသားကို လှုပ်ခတ်စေ
ခဲ့တာ။ မနေ့ညက Jungkook ဖွင့်ပြော တုန်းကဆို
အိမ်မက်မက်နေတာလားတောင် ထင်ခဲ့မိတဲ့အထိ။ Andoland မှာ နေနေသမျှ ကာလပတ်လုံး အရိပ်တစ်
ကြည့်ကြည့်နဲ့ သဘောကျခဲ့ရတာဟာ သူ့ဘက်ကချည်းပဲ မဟုတ်ဘူး ဆိုတာ သိလိုက်ရတဲ့အခါ Jimin ရင်ထဲ ဆွတ်ပျံ့ကြည်နူးလာသည်။

𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕Место, где живут истории. Откройте их для себя