Chapter 16

7.1K 903 138
                                    

/ Unicode /

တစ်ဖြူးဖြူးတိုက်ခတ်နေတဲ့ လေတွေကို မျက်လုံး
မှိတ်ကာ ခံစားရင်းနဲ့ Jungkook သစ်ပင် ပင်စည်မှာ
သက်သောင့်သက်သာ မှီထိုင်နေလိုက်သည်။
Andoland လို သစ်ပင်တွေ ပေါများမှုမရှိတဲ့ ဒီနေရာ
မှာ ၊ လေတွေက အတားအဆီးမရှိပဲ ခပ်ကြမ်းကြမ်း
ရွေ့လျားနေကြတာ ။ သူ ဒီနေရာမှာ လာထိုင်နေတာ
ဘယ်လောက် ကြာနေပြီလဲဆို ၊ လေတိုက်ခံရလွန်း
လို့ အသားတွေတောင် စပ်ချင်လာတဲ့အထိ ။
အိမ်ပြန်သင့်ပြီ လို့ တွေးမိတဲ့ အချိန်မှာပဲ ၊ ခပ်စူးစူး
အသံလေးတွေက နားထဲကို တိုး၀င်လာတယ်။

" Ya!!! Kim Minyoung!!! "

" ဟေ့ကောင် တိုးတိုး​နေလေ ၊ ဟိုမှာ Jungkook hyung အိပ်နေတယ်  "

" ငါလုပ်ထားတာတွေကို လာမဖွနဲ့ "

" မဖွပါဘူး ကိုင်ကြည့်တာ "

ခပ်ကျယ်ကျယ်ကနေ တဖြည်းဖြည်းတိုးသွားကာ
ကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့ အငြင်းပွားနေတဲ့
ကလေးနှစ်ယောက်ကြောင့် Jungkook သဘော
တကျ ပြုံးလိုက်မိတယ်။ ဒါကို မြင်သွားပုံရတဲ့
Minyoung က သူ့ဆီကို ချက်ချင်းပြေးလာတယ်။

" Jungkook hyung နိုးနေတာလား "

မျက်လုံးမှိတ်ထားရက်နဲ့ ခေါင်းခါပြလိုက်တော့
Minyoung က အော်ရယ်ပြီး သူ့ကို တက်ခွတော့
သည်။

" hyung! hyung! ဒီမှာကြည့် "

တက်ကြွနေတဲ့ အသံလေးနဲ့ အတင်းကြည့်ခိုင်း
နေတာကြောင့် ၊ Jungkook သူ့အပေါ်ကနေ ထ
သွားတဲ့ Minyoung ကို အာရုံစိုက်ထားလိုက်တယ်။
သူကြည့်နေတယ်ဆိုတာကို အတည်ပြုပြီးတဲ့
Miyoung က ၊ လေထဲကို ​ခုန်တက်ပြီး ခန္ဓာကိုယ်ကို
တစ်ပတ်လှည့်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း
မှာပဲ Miyoung ရဲ့ ခန္ဓာကိုယ်ဟာ အတောင်တွေ
စုံစပြုနေတဲ့ လင်းယုန်ငှက် ပုံစံကိုပြောင်းသွားတယ်။
သူ့ရှေ့မှာ ဟိုဟိုဒီဒီ ပျံသန်းနေတဲ့ လင်းယုန်ငှက်ငယ်
ဟာ လုံလုံလောက်လောက်ကြာတဲ့ အချိန်တစ်ခု
အပြီးမှာ မြေပြင်ပေါ်ကို ခပ်ဖြည်းဖြည်း ပြန်ဆင်း
လာတယ်။

" တွေ့လား hyung ၊ ကျွန်တော် ပြီးခဲ့တဲ့ တစ်ပတ်
ကထက် ပိုကြာကြာ ပျံနိုင်နေပြီ "

𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕Donde viven las historias. Descúbrelo ahora