/Unicode/
" Jungkook! Jungkook! "
Jimin ရဲ့ ခေါ်သံကြောင့် Jungkook တူရွင်းတစ်ခုနဲ့
မြေကြီးတွေကိုဆွနေရာကနေ အနောက်ကိုလှည့်ကြည့် လိုက်တော့ Jimin က အရှည်လိုက် ပုံဖော်ထားတဲ့
မြေကြီးစွပ်ကြောင်းရဲ့ ထိပ်ဆုံးမှာရပ်ကာ အရမ်းကို
စိတ်ကျေနပ်နေတဲ့ ပုံစံနဲ့ ပြုံးနေသည်။" အကုန် ပြီးသွားပြီလား "
အစက သူလုပ်ပေးခဲ့တဲ့ တွင်းပေါက်လေးတွေက
ခပ်မွမွမြေကြီးတစ်ချို့နဲ့ပြည့်နေတာကြောင့် Jungkook မျက်ခုံးပင့်ရင်း မေးလိုက်တဲ့ အခါ
Jimin က လက်ထဲက အပင်မျိုးစေ့ထုတ်လေးတွေကို
တစ်ဖျတ်ဖျတ်နေအောင် ခါပြတယ်။အိတ်အပြည့်ထားတဲ့ မျိုးစေ့လေးတွေဟာ တော်တော်ကို လျော့နေ
လေပြီ။" ပြီးသွားပြီ! ကျွန်တော် မတော်ဘူးလား "
" တော်တာပေါ့! ကိုယ့်ကလေးက အတော်ဆုံးပဲ "
သူ့စကားကြောင့် Jimin က မျက်နှာကို အနည်းငယ်
မော်ချီလိုက်ရင်း မျက်လုံးလေးကိုပါ အသာ မှေးစင်း
ထားလိုက်သေးတယ်။ မျက်နှာလေးက မြေမှုန့်တွေနဲ့
ပေပွနေကာ ဘောင်းဘီအဖျားနဲ့ ခြေချောင်းလေးတွေ
ရော လက်ချောင်းလေးတွေမှာပါ မြေကြီးတွေကပ်ညိ
နေတဲ့အပြင် ခါးထောက် ခေါင်းမော့ထားတဲ့ Jimin ပုံစံက ရယ်စရာကောင်းနေသလို ချစ်စရာလည်း ကောင်း
နေပြန်သည်။" ပင်ပန်းနေပြီလား "
" ဟင့်အင်း ၊ မပင်ပန်းပါဘူး ၊ ပျော်ဖို့ကောင်းတယ် ၊
မြေကြီးတွေ ကိုင်ရတာ ဟီးဟီး "အပင်စိုက်တာကို သူ့စိတ်ထဲ မြေကြီးနဲ့ ဆော့ခိုင်းတယ်
များ မှတ်နေသလားမသိ။ သဘောတကျရယ်ရင်း
မြေကြီးခဲလေးတွေကို ခြေဖျားလေးနဲ့ လိုက်နင်းနေသေး
တယ်။" လာဦး! ဒီကို "
ခောင်းကို တဆတ်ဆတ်ငြိမ့်ပြရင်း မြေကြီးတစ်ချို့ကို
ဟိုခွ ဒီခွ လုပ်ကာ အနားကို ကတိုက်ကရိုက်ပြေးလာတာကြောင့် Jungkook လက်တစ်ဖက်ကမ်းပေးရင်းကနေ ခပ်သာသာ ဆူမိတယ်။" ချော်လဲတော့မှာပဲ ဖြည်းဖြည်းလာလေ "
" Jungkook ပဲ လာ ဆိုပြီး~~~"

YOU ARE READING
𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕
Paranormalကြယ်တွေ စုံနေစရာမလိုဘူး Jungkook သာ အနားမှာရှိမယ်ဆိုရင် လမိုက်ည ဖြစ်နေရင်တောင် ကျွန်တော့် ကောင်းကင်က လင်းပါတယ် Park Jimin ခွဲခွာခြင်းတွေကို ကိုယ်မကြိုက်ဘူး Jimin အဲ့ဒါကြောင့် ကြုံလာသမျှ ပြဿနာ...