Chapter 21

7.1K 853 38
                                    

/ Unicode /

" hmmh ၊ အကုန်လုံးက Ice Flame အကြောင်း
တွေချည်းပဲလား ၊ အမြဲတမ်းအဲ့လိုချည်းပဲ "

Jimin နှုတ်ခမ်းကိုချွန်ကာ ရေရွတ်ရင်း ၊ ဟိုလှန်
ဒီလှန် လုပ်နေတဲ့ စာအုပ်ကို စာအုပ်စင်ထဲ ပြန်ထည့်
ထားလိုက်သည် ။ Jungkook အမြဲဖတ်နေတဲ့
စာအုပ်တွေမ်ို့လို့ သိချင်စိတ်နဲ့ ယူကြည့်လိုက်တာ
ထုံးစံအတိုင်း ၊ Ice Flame ကို ဘယ်လို ထိန်းချုပ်
ရမလဲ ဆိုတာရယ် ၊ အတွင်းအားကို ဘယ်လို
သုံးရမလဲ ဆိုတာရယ်ကို ရှင်းပြထားတဲ့ စာအုပ်
တွေချည်း ။

" Jungkook က ဒီလောက်တော်တာကို ၊ ဒီစာအုပ်
တွေ ဖတ်စရာလိုသေးလို့လား "

" အေးလေ "

တစ်ယောက်တည်းမေးကာ တစ်ယောက်တည်း
ဖြေရင်း ၊ လက်ကလည်း စာအုပ်တွေကို ဖွနေတုန်း ။
အမှန်ဆို ဒီစာအုပ်တွေက ဟိုးအရင်တုန်းကတည်းက
မြင်နေကြဆိုပေမယ့် ၊ သူ ဒီလောက်ထိ အသေးစိပ်
မဖတ်ကြည့်ခဲ့ဖူးဘူး ။ သိပ်စိတ်မဝင်စားတာလည်း
ပါတာပေါ့လေ ။ ဒါပေမယ့် အခုကျတော့
Jungkook နဲ့ ပက်သတ်သမျှကိုသိချင်လာတဲ့
စိတ်ကြောင့် ၊ သူ ဒီအခန်းထဲမှာရှိတဲ့ အရာတွေ
အားလုံးကို သေချာလိုက်ကြည့်နေမိတာ ။ ပြီးတော့
တစ်နေ့ တစ်နေ့ Jungkook ဘာတွေလုပ်သလဲ ။
ဘယ်လိုစိတ်ခံစားမှုမျိုးရှိသလဲ ။ ဘယ်လိုအရာ
တွေကို သဘောကျသလဲ ။ ဟိုးးသေးသေးမွှားမွှား
လေးကနေ အဲ့ဒီလို ကြီးကြီးမားမားအထိ သူအကုန်
သိချင်လာတာပဲ ။

" hmmh? ဒီစာအုပ်က? "

အဲ့လို စပ်စုရင်းနဲ့ စာအုပ်စင်ရဲ့ အောက်ဆုံးမှာရှိနေ
တဲ့ စာအုပ်တစ်အုပ်​ကြောင့် Jimin မျက်ခုံး
ပင့်လိုက်မိသည် ။

" အိပ်ယာဝင်ပုံပြင်များ "

စာအုပ်နာမည်ကို အသံထွက်ဖတ်ပြီးတဲ့အခါ
စိတ်ထဲ သဘောကျခြင်းနဲ့ အံ့သြခြင်းတွေ ပေါင်းစုံ
လာတဲ့အတွက် သူ ခေါင်းမော့ကာ ရယ်ရင်း ၊
Jungkook ရှိနေတဲ့ ရေချိုးဆောင်ဘက်ကိုပါ
လှည့်ကြည့်လိုက်မိတယ် ။

" ဒီစာအုပ်က အခုထိရှိနေတုန်းလား "

ရောင်စုံအရုပ်ကလေးတွေပါတဲ့ စာအုပ်အဖုံးကို
လက်နဲ့ ပွတ်လိုက်တော့ ၊ အညိုရောင်ဖုန်မှုန့်တွေရဲ့
အထိအတွေ့ကို ခံစားလိုက်ရတယ် ။ ဖုန်တွေလည်း
တက်ပြီပေါ့ ။ သူ ဒီစာအုပ်ကို မကိုင်တော့တာ
ဘယ်နှစ်နှစ်တောင်ရှိပြီလဲ ။ 10 နှစ်?? ဒါမှမဟုတ်
12 နှစ် 13 နှစ်လောက်?

𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕Where stories live. Discover now