/ Unicode /
" Jungkook မသွားသေးဘူးလား "
" ဟင့်အင်း ၊ ညနေမှ သွားတော့မယ် "
ကုတင်ပေါ်လှဲနေတဲ့ Jimin ရဲ့ ခပ်ဖျော့ဖျော့
မျက်နှာလေးကိုကြည့်ရင်း ၊ Jungkook Andoland
ကို ညနေမှသွားဖို့ ဆုံးဖြတ်လိုက်သည် ။ ကိုယ်သိပ်
မပူတာမို့ ညနေကျရင်တော့ ကျိန်းသေ နေကောင်း
သွားလောက်ပြီ ။ အဲ့ဒီ့အခါကျမှပဲ နဂိုစီစဥ်ထားတဲ့
အတိုင်း Andoland ကို နှစ်ယောက်အတူတူ သွား
မယ် ။ လောလောဆယ်တော့ သူ Jimin နားမှာပဲ
နေပြီး စကားထိုင်ပြောပေးချင်တာ ။" လူကြီးမင်းနဲ့ Namjoon hyung က ၊ သွေးကို
ဒီနေ့လာပေးဖို့ ပြောထားတာလေ "" အင်းလေ ၊ ကိုယ်က ဘာပြောလို့လဲ ၊ ဒီနေ့ပဲ
သွားမှာကို "" အခုသွားလို့ "
" ဟင့်အင်း ၊ ညနေမှ ၊ ကလေးကို မထားခဲ့ချင်လို့ "
ဆံပင်လေးကို သပ်တင်ပေးရင်း လက်သေးသေး
လေးတစ်ဖက်ကို ဆွဲယူကာ ပါးနဲ့ ကပ်လိုက်တော့
ခပ်နွေးနွေး အပူငွေ့က သူ့ဆီကိုပါ ကူးစက်လာ
တယ် ။ မနေ့က ပြောမရဆိုမရနဲ့ နှင်းတောထဲ
စိမ်ပြေနပြေ ထိုင်ဆော့ခဲ့တဲ့ ရလဒ်က ၊ အခုလိုမျိုး
ကိုယ်နည်းနည်းပူကာ ဖျားစေတာပင် ။" ခဏနေ ဆေးသောက်ပြီး အိပ်လိုက်ရင် သက်သာ
သွားမှာကို Jungkook ကလည်း ၊ သွားလိုက်ပါ ၊
နော် ၊ ခဏလေး သွားရမှာကို "နှုတ်ခမ်းလေးစူကာ မျက်တောင်လေး တဖျတ်ဖျတ်
ခပ်ရင်း ၊ ချော့ပြောနေတာမို့ Jungkook အသည်း
ယားစွာနဲ့ Jimin ရဲ့ နှာခေါင်းလုံးလုံးလေးကို
မနာအောင်ဆွဲပစ်လိုက်တယ် ။" အဲ့ဒီ့ ခဏလေးကိုတောင် ထားခဲ့ရမှာစိတ်မချ
လို့ပေါ့ ၊ မသိဘူးလား "" Jungkook ကလည်း "
" Jimin ကလည်း "
နောက်ကနေ သံယောင်လိုက်ကာ စတဲ့အခါ Jimin
က မျက်လုံးတွေ မှိတ်လောက်အောင် ရယ်တော့
သည် ။" သွားပါ ဆိုနေတာကို ၊ hyung တို့ စောင့်နေ
လိမ့်မယ်လို့ "ပြောရင်းနဲ့ ရင်ဘတ်ကို လာထိုးတဲ့ လက်သီးလေးကို
Jungkook ဖျတ်ခနဲ ဖမ်းပြီး ၊ လက်ချောင်းတွေကို
ဆွဲဖြန့်လိုက်သည် ။ ပြီးတော့ လက်ဖဝါးနုနုလေးကို
နမ်းကာ ၊ လက်ချောင်းထိပ်လေးတွေကိုပါ ခပ်ဖွဖွ
ကိုက်လိုက်တယ် ။

YOU ARE READING
𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕
Paranormalကြယ်တွေ စုံနေစရာမလိုဘူး Jungkook သာ အနားမှာရှိမယ်ဆိုရင် လမိုက်ည ဖြစ်နေရင်တောင် ကျွန်တော့် ကောင်းကင်က လင်းပါတယ် Park Jimin ခွဲခွာခြင်းတွေကို ကိုယ်မကြိုက်ဘူး Jimin အဲ့ဒါကြောင့် ကြုံလာသမျှ ပြဿနာ...