Chapter 14

6.5K 847 128
                                    

/Unicode/

အိမ်ရှေ့ အဆောင်ငယ်လေးထဲမှာ လျော့တိလျော့ရဲ
ထိုင်ရင်းနဲ့ Jimin ဟိုဟိုဒီဒီ ငေးနေမိသည်။
ခပ်လှမ်းလှမ်းမှာ မြင်နေတဲ့ အပင်ငယ်လေးပေါ်က
အသီးတစ်ချို့ဟာ ဘာအသီးတွေမှန်းမသိ။
အကယ်၍ Jungkook သာ အနားမှာရှိနေရင်တော့
Jungkook ရင်ခွင်ထဲ တိုး၀င်ပြီး အဲ့ဒီ့ အပင်နဲ့အသီး
အမျိုးအစားအကြောင်းကို  ဂျီကျပြီး ရှင်းပြ
ခိုင်းမိမှာပေါ့။

အခုလောလောဆယ်တော့ အသီးအကြောင်းလည်း
မသိချင်သလို ၊ အပင် ပေါ်မှာ လာနေတဲ့ ငှက်
အကြောင်းကိုလည်း မသိချင်ဘူး။ Andoland ရဲ့
ရာသီဥတု ဘယ်လို ရှိသလဲ ဆိုတာရော ၊ ခြံ
အနောက်ဘက်က ဥယျာဥ်ကိုရော သူ ဘာဆိုဘာမှ
မသိချင်ဘူး။ သူသိချင်တာက အခုအချိန်
Jungkook အပြစ်ပေးခံနေရတာ ဘယ်လိုများ
နေလိမ့်မလဲဆိုတာပဲ။ တစ်ဆက်တည်း
အရမ်းများနာကျင်နေမလား လို့တွေးလိုက်မိရင်
Jimin တကယ်ပဲ Jungkook ကို ပြေးတွေ့ချင်ပါ
သည်။ ဖြစ်နိုင်ရင် Jungkook ရဲ့ အပြစ်ဒဏ်
အားလုံးကို သူပဲ ခံယူလိုက်ချင်သည်။

" Jimin ပျင်းနေပြီလား ၊ hyung ဘာလုပ်ပေးရမလဲ
ပြော "

Seokjin hyung ရဲ့ အသံကြောင့် ၊ Jungkook ကို
သတိရလာတာနဲ့ ချက်ချင်း၀ဲတက်လာတဲ့ မျက်ရည်
တို့ကို ၊ Jimin မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း
ထိန်းထားလိုက်ရသည်။

" ရတယ် hyung ၊ ကျွန်တော် မပျင်းပါဘူး "

အနားရောက်လာတဲ့ Seokjin hyung ကတော့
ဖရဲသီးစိတ်လေးတွေ ထည့်ထားတဲ့ ပန်းကန်ကို
သူ့ရှေ့မှာချပေးတယ်။

" Jungkook က သေချာမှာခဲ့တယ် ၊ သူ့ကလေးကို
ဂရုစိုက်ပါတဲ့ ၊ မသိရင် ငါကပဲ အရင်တုန်းက
ဂရုမစိုက်သလိုလို ၊ သခင်လေး Jeon က ပိုကို
ပိုတယ် "

တမင်တကာ နှာခေါင်းရှုံ့ပြရင်း ပြောနေတာကို
Jimin ပြုံးရုံသာ ပြုံးမိတယ်။ Seokjin hyung
က သူ Jungkook ကို လွမ်းပြီး စိတ်ပူနေမှန်းသိလို့
စိတ်သက်သာအောင် ပြောပေးနေပုံပါပဲ။
ခက်တာက Seokjin hyung အဲ့လို ပြောလိုက်မှပဲ
" Jungkook က ငါ့ကို သိပ်ချစ်တာပါလား " ဆိုတဲ့
အတွေးက ပို၀င်လာပြီးတော့ သူ Jungkook ကို
ပိုတွေ့ချင်လာတာ။

" နောက်ထက် ငါးရက်ပါပဲ ၊ ကြိမ်ဒဏ်ဆိုပေမယ့်
Jimin ထင်သလောက် မပြင်းထန်ပါဘူး ၊
ပြီးတော့ Jungkook က အရမ်းသန်မာတယ်လေ ၊
ဒီ့ထက်ဆိုးတဲ့ ဖြစ်ရပ်တွေတောင် သူကြုံဖူးတယ် ၊
ကြိမ်ဒဏ်လောက်က သူ့အတွက် ဘာမှမပြောပ
လောက်ဘူး ၊ သိလား Jimin လေး "

𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕Where stories live. Discover now