Chapter 5

9K 1.1K 155
                                    

/Unicode/

ကုတင်အောက်က စောင်ပုံထဲမှာ ပုစွန်ထုပ်လေးလို
ကွေးပြီးအိပ်နေတဲ့ Jimin ကို Jungkook ကုတင်
အပေါ်ကနေ ကိုယ်တစ်ခြမ်းစောင်းအိပ်ကာ ကြည့်နေမိသည်။ ကျီကျီကျာကျာ ငှက်သံတွေရယ် ပြောက်တိ
ပြောက်ကျား နေရောင်ရယ်က ပုံမှန်နေ့တွေလည်း
ကြားနေရ မြင်နေရ ပေမယ့် ဒီနေ့မနက်ကျမှ
အရမ်းကို ပြည့်စုံနေသလိုပဲ။

ညက ဆူလိုက် ငေါက်လိုက် ပြင်လိုက် ဆင်လိုက်နဲ့
လေ့ကျင့်လိုက်တာ များသွားတော့ တော်တော်
ပင်ပန်းသွားပုံရတယ်။ အခုအချိန်ထိ မနိုးသေးဘူး။
သူကရော.....။ သူက နိုးနေတာ ကြာနေပေမယ့်
မြင်ကွင်းကောင်းလေးကို ပိုင်ဆိုင်ထားရလို့
မထသေးတာ။

" အဟက် "

နဂိုကတည်းက လူကောင်လေးက သေးပါတယ်ဆိုမှ
အခုလို ကွေးကွေးလေး လုပ်ထားတော့ စောင်ပုံထဲ
ပျောက်ချင်နေပြီ။ Jimin က အကောင်သာ
သေးတာ ခေါင်းကတော့ တကယ်မာတယ်။
ညက ကုတင်ပေါ် တက်အိပ်ပါ......သူ အောက်မှာ
ဆင်းအိပ်ပါ့မယ် လို့ပြောတာကို လုံးဝလက်မခံပဲ..
ကုတင်ပေါ်က စောင်နဲ့ ခေါင်းအုံးကို ဆွဲယူသွားကာ
တစ်ခါတည်း အိပ်သွားတော့သည်။

မအိပ်ခင် ပွစိ ပွစိပြောသေးတာက သခင်လေး Jeon က
သခင်လေး Jeon ဖြစ်တာမို့လို့ ကုတင်ပေါ်မှာ
အိပ်ပါတဲ့။ အကယ်၍ သူနိုးလို့ ကုတင်ပေါ်ရောက်နေရင်
သခင်လေး Jeon အနိုင်ကျင့်ပါတယ်ဆိုပြီး
လျှောက်ပြောပစ်မယ်တဲ့။ ကလေးဆန်လွန်းပြီး
အရှေ့အနောက် မညီတဲ့ စကားတွေကို တစ်တွတ်တွတ်
ပြောကာ အိပ်သွားတာကြောင့် Jungkook သဘော
တကျနဲ့သာ အိပ်ပျော်အောင် ကြိုးစားရတော့သည်။

ဒါလည်း တစ်မျိုးကောင်းပါတယ်လေ.......
အပူအပင်မရှိပဲ အိပ်ပျော်တယ်ဆိုကတည်းက
သူ့ကို ယုံကြည်လို့မဟုတ်လား။ ပြီးတော့ ညက
သူပြောတဲ့ စကားတွေကို အတည်ယုံပြီး စိတ်ချလက်ချ
ဖြစ်သွားတာလည်း ပါမယ်ထင်တယ်။ အိပ်မပျော်ပဲ
ပေါက်ကရတွေ လျှောက်တွေးပြီး စိတ်ပူနေတာထက်
ဒီလိုလေး အပူအပင်ကင်းကင်း အိပ်ပျော်
နေတာ Jungkook ကို အရမ်း စိတ်ချမ်းသာစေတယ်။

" အဟင်း "

Jungkook ကိုယ့်အတွေးနဲ့ ကိုယ် တစ်ချက်ရီရင်း
ကုတင်ပေါ်က ဆင်းကာ ခြေသံလုံလုံနဲ့ အခန်းထဲက
ထွက်လိုက်သည်။ အနောက်ဘက်မှာ ကိုယ်လက်
သန့်စင် ပြီး အပြင်ထွက်လာတဲ့အခာ အိမ်ရှေ့က တံခါး
ခေါက်သံကြောင့် သွားဖွင့်ကြည့်လိုက်တော့
Namjoon hyung နဲ့ Seokjin hyung..။

𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕Unde poveștirile trăiesc. Descoperă acum