Chapter 6

8.3K 1K 93
                                    

/Unicode/

ညဘက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆတ်ငြိမ်သက်
နေတဲ့ အချိန်မှာ Jimin အသက်ကို ခပ်ပြင်းပြင်း
တစ်ချက်ရှိုက်ကာ မျက်လုံးတွေကို မှိတ်ချပစ်လိုက်
သည်။ ပြီးတော့နှလုံးသားက အားအင်တွေကို
လက်တွေ စီးဆင်း စေလိုက်တော့ လက်ပေါ်မှာ
မီးတောက်ကလေး ပေါ်လာသည်။

" တော်လာပြီ Jimin "

Jungkook အသံကြောင့် Jimin မရဲတရဲ မျက်စိဖွင့်
ကြည့်တော့ လက်ထဲက မီးတောက်လေးက
မဆိုစလောက်ကလေး အဝါရောင်ရောနေဆဲ။

" ဘယ်မှာတော်လာလို့လဲ အဝါရောင် ရောနေတုန်းပဲ
ကို! "

" မလောပါနဲ့! ဖြည်းဖြည်းပေါ့ အဝါရောင်က
နည်းနည်းပဲ ကျန်တော့တာကို! "

Jungkook ရဲ့ အားပေးစကားကို ကြားနေရပေမယ့်
Jimin စိတ်မကြည်စွာ မီးတောက်ကို အားထပ်စိုက်
လိုက်တော့ အောက်ခြေကနေစပြီး ခပ်မြန်မြန်ပဲ
ရေခဲအသွင်ပြောင်းသွားတယ်။ နောက်တော့ လက်ကို
လက်သီးဆုပ် ပုံစံ ဆွဲညှစ်လိုက်တော့ ထိုမီးတောက်ပုံစံ
အပြာနဲ့ အဝါ ရောနေတဲ့ ရေခဲတုံးလေးဟာ တစ်စစီ
ကွဲကြေသွားတော့သည်။ ပြီးမှ ခုနက အတိုင်းမျက်လုံး
ပြန်မှိတ်ကာ မီးတောက် ထပ်ထုတ်လိုက်တယ်။
ဒါပေမယ့်လည်း ထိုမီးတောက်ကလေးဟာလည်း ပထမ တစ်ခုနဲ့ မခြားနားစွာ အဝါရောင်ရောနေဆဲပဲ။

" ဒီလောက် ရက်တွေ ကြာနေတာတောင် အဝါရောင်က
မပျောက်သေးဘူး "

အမှန်တကယ် သူ ဒီကို ရောက်တာ လပိုင်းနီးပါးတောင်
ရှိနေပြီ။ စရောက်ကတည်းက တစ်ရက်မှ မပျက်
မကွက်ပဲ လေ့ကျင့်နေတာ။ အစပိုင်းရက်တွေတုန်းက အဝါရောင်ဟာ တစ်စတစ်စ သိသိသာသာ
လျော့လာပေမယ့် ဒီလို မဆိုစလောက် ယောင်ယောင် လေး ကျန်နေတဲ့အချိန်မှာ တစ် နေတာနှစ်ရက်
သုံးရက်လောက်ရှိနေပြီ။

" ကိုယ့်ကိုကြည့် Jimin "

အရှေ့တည့်တည့်မှာ မတ်တပ်ရပ်ကာ ခေါင်းငုံ့ထားတဲ့
သူ့ကို မော့ကြည့်ခိုင်းနေတဲ့ Jungkook ကြောင့် Jimin စကားနားထောင်စွာ မျက်လုံးချင်းဆုံအောင် မော့ကြည့်
လိုက်သည်။

" အရမ်းမလောနဲ့ စိတ်ကိုလျော့ထား! ကိုယ်ပြော
ထားတယ်လေ နှလုံးသားထဲက အားတွေကို
အားအများကြီး စိုက်ပြီး အသုံးမချရဘူး ဖြည်းဖြည်းချင်း တစ်ဆင့်ချင်း သွား "

𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕Wo Geschichten leben. Entdecke jetzt