Chapter 7

8K 983 63
                                    

/Unicode/

မျက်လုံးပေါ် ကျရောက်နေတဲ့ ပြောက်တိပြောက်ကြား
နေရောင်ကြောင့် Jimin ဆက်အိပ်လို့မရတော့ပဲ.......
နိုးလာရတော့သည်။ ဒီကုတင်အောက်က အရင်
နေ့တွေတုန်းက နေမထိုးပါဘူး။ ဘယ်လိုလုပ် ဒီနေ့
ကျမှ.....။ ဇဝေဇဝါတွေးရင်းနဲ့အပျင်းကြောဆန့်ပြီး
ကိုယ်လုံးကို နှစ်ပတ်လောက် လှိမ့်လိုက်တဲ့အခါ
အရှိန်ပြင်းပြင်းနဲ့ အမြင့်တစ်နေရာ ကနေ
ပြုတ်ကျသွားတော့သည်။

" ဘုန်း~~~"

" အ့ လား~~~~သေပါပြီ~~"

နာသွားတဲ့ ခားကို ပွတ်ရင်း စောင်ပုံကြားကနေ
မျက်စိကို အတင်းပြူးပြဲ ဖွင့်ကြည့်တော့ အခုမှ
သူ ကုတင်အောက်ကို အမှန်အကန်ရောက်နေတာ
ဖြစ်သည်။ ကုတင်ပေါ်ကို လှမ်းကြည့်တော့ Jungkook
လည်းမရှိတဲ့အပြင် သူနဲ့ ပတ်နေတဲ့ စောင်တစ်စွန်း
တစ်စဟာ ကုတင်ပေါ်မှာ တန်းလန်းကြီး။ အဲ့ဒါဆို
ခုနက ကုတင်ပေါ်က ပြုတ်ကျလာတာပေါ့။ ညက
အိပ်တာ အောက်မှာပါ...အခုဘယ်လိုလုပ်ကုတင်ပေါ်
ရောက်နေတာတုန်း။

ကုတင်အောက်မှာ ပုံစံမပျက်ထိုင်ရင်း စဉ်းစားနေတုန်း
Jimin တစ်စုံတစ်ခုကို တွေးမိကာ လန့်ဖြန့်သွားသည်။
ဘုရားရေ...သူ ည အိပ်တုန်းက ယောင်ယမ်းပြီးများ
ကုတင်ပေါ် အတင်းကုပ်တက်မိတာလား။

အီး...အဲ့ဒါကြောင့် ညက အိမ်မက်ထဲမှာ သူ Jungkook
ရင်ခွင်ထဲ ဝင်အိပ်နေတယ်လို့ မက်တာ။ အိမ်မက်
မဟုတ်ပဲ တကယ်ကြီးကို သူ အဲ့လို လုပ်ခဲ့တာပေါ့လေ။
ကုတင်ပေါ် အတင်းဖက်တက်ပြီး Jungkook ရင်ခွင်
ထဲ အတင်းဝင်တိုးကာ အိပ်နေမယ့် ကိုယ့်အဖြစ်ကို
ပြန်တွေးမိပြီး ရှက်စိတ်တွေ မွှန်ထူလာတဲ့အခါ Jimin ကိုယ့်ခေါင်းကိုသာ ခပ်နာနာ ထုမိတော့သည်။

ဟုတ်မယ်...အဲ့ဒါကြောင့် Jungkook က သူ့ကို
ကုတင်ပေါ်ထားခဲ့ပြီး တခြားမှာ သွားအိပ်တာနေမှာ။
အဲ့လို စဉ်းစားမိတော့လည်း Jungkook ကို
အားနာရပြန်သည်။ ဒုက္ခပါပဲ....ရူးချင်လာပြီ။
Jungkook ကို ဘယ်လိုမျက်နှာပြရတော့မလဲ။

အရင်နေ့တွေတုန်းကအိပ်တာ အေးဆေးဖြစ်
သလောက် မနေ့ညမှစိတ်က ဖောက်ပြန်လာတာ
ဖြစ်မယ်။ အဲ့လိုဖြစ်ရခြင်းရဲ့ အဓိက တရားခံဟာ
Jungkook ကြောင့်ပဲ ဖြစ်သည်။ မနေ့ညက မပြော
မဆိုနဲ့ ရုတ်တရက်ကြီး ဆံပင်တွေကို ကောက်ဖွ
ပစ်လိုက်တာကိုး။ Jungkook က ဘယ်လိုသဘောနဲ့
လုပ်လိုက်မှန်းမသိပေမယ့် ကိုယ့်မှာတော့ ရင်တွေ
ခုန်သွားတာ ထိန်းမရ သိမ်းမရနဲ့။ အကျိုးဆက်ကတော့
Jungkook ကို အိမ်မက်ထဲ ထည့်မက်မိတဲ့အပြင်
အပြင်မှာပါ ပေါက်ကရတွေ လုပ်မိတော့တာဖြစ်သည်။

𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕Where stories live. Discover now