Chapter 4

9.7K 1.2K 76
                                    

/Unicode/

Jimin တစ်ထပ်တိုက်လေးရဲ့ အိမ်ရှေ့က အဆောင်
ငယ်လေးထဲမှာ ထိုင်ကာ ကြယ်မစုံတဲ့ ညကောင်းကင်
ကို မော့ကြည့်ရင်း အတွေးတစ်ချို့က ခေါင်းထဲ ကြီးစိုး
နေခဲ့တယ်။

Jungkook ရဲ့ဆက်စပ်တွေးခေါ်မှုနဲ့ ရှင်းပြခဲ့သလောက်
ဆိုရင်...Ice Stone သူ့ နှလုံးသားထဲ ရောက်ရခြင်းရဲ့
အဓိက တရားခံဟာ Ritchat ဆိုတဲ့ ငရဲမင်းကြီး
ကြောင့်ပဲ ဖြစ်သည်။ ကောင်းကင်ဘုံရဲ့ အုပ်ချုပ်မှု
အောက်ကနေ တစ်သီးတစ်ခြား ခွဲထွက်ချင်နေတဲ့
ငရဲပြည်ဟာ တစ်ခြားသောမျိုးနွယ်စုတွေထက်
အင်အားအရာမှာ ဖိနှိပ်ထားခြင်းခံထားရတယ်။

အဲ့ဒါကြောင့် Ritchat ရဲ့ Target ဟာ ကောင်းကင်
မင်းကြီးရဲ့ Stone 4 ခုထဲက အင်အားအကြီးဆုံးဖြစ်တဲ့ Ice Stone ကိုခိုးထားပြီး ထို Ice Stone ကို သုံးကာ
ကောင်းကင်ဘုံကို ပုန်ကန်ဖို့ပင်။ ဒါပေမယ့်
Ice Stone ကိုသာ ကိုယ်တိုင်သွားခိုးပြီး လက်ဝယ်
ထားရှိခဲ့ရင် အန္တရာယ်များတာမို့ နတ်ဆရာမ ဖြစ်တဲ့
မေမေနဲ့ သူ့ကို အသုံးချခဲ့တာ။

Seokjin hyung ပြောတာကတော့ သူနေမကောင်း
ဖြစ်တာဟာ ငယ်သေးတဲ့အရွယ်မို့ ခန္ဓာကိုယ်အတွင်းက
မီးတောက်စွမ်းအားကို မထိန်းချုပ်နိုင်တာတဲ့။
ဒါဟာ တစ်ရာမှာ တစ်ယောက်တောင် မဖြစ်တဲ့ ရှားပါး
ဖြစ်စဉ်ပဲ။

သူ့စိတ်ထင်တော့ မေမေဟာ နတ်ဆရာမ
ဖြစ်တာကြောင့် သူ့ကို သက်သာလာအောင် နည်းမျိုးစုံသုံးခဲ့မှာပဲ။ ဖြစ်တောင့် ဖြစ်ခဲ အခြေအနေကြောင့်
နောက်ဆုံးမတတ်နိုင်လို့သာ  ဆေးဆရာ ခေါ်ရတဲ့
အထိဖြစ်ခဲ့တာနေမှာ။ အဲ့ဒါကိုတော့ သူလည်း
သေချာမစဉ်းစားတတ်ဘူး။

အဲ့ဒီ့မှာ Ritchat ဟာ မေမေ ဘာမှမလုပ်နိုင်တာကို
အခွင့်အကောင်းယူပြီး ပိုပြီးဆိုးသွားအောင် ဆေးဆရာ ဟန်ဆောင်ကာ သူ့ကို ငရဲမီးတောက်နည်းနည်းကျွေးခဲ့လိ်မ့်မယ်။

နောက်တော့ Ice Stone ရဲ့ အအေးဓာတ်က
အပူဓာတ်လွန်ကဲမှုကို ထိန်းချုပ်ပေးနိုင်လို့ Ice Stone န့ဲ ဆို သက်သာသွားလိမ့်မယ်လို့ မေမေ့ကို
ပြောခဲ့မှာပေါ့။ ခုနက ရေခဲကန်ဘေးမှာ မေမေ တွေဝေ
နေတာ ဒါ့ကြောင့်ဖြစ်နိုင်တယ်။

𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕Donde viven las historias. Descúbrelo ahora