/ Unicode /
Jimin ကြည့်မှန်ကို တစ်ချက်ကြည့်ပြီးတာနဲ့ ၊
အဆောင်အပြင်ကို အပြေးတစ်ပိုင်း ထွက်လာ
ခဲ့လိုက်သည် ။ အပြင်ကို ရောက်တာနဲ့ Jungkook
ကို တွေ့လိုက်ရသည်မို့ ၊ သူ ခြေလှမ်းတွေကို
အရှိန်သတ်လိုက်ပြီး ၊ အနားကို ဖြည်းဖြည်းပဲ
လျှောက်သွားလိုက်တယ် ။ hyung နဲ့ စကား
ရပ်ပြောနေတဲ့ Jungkook ဟာ ၊ သူ့ကို ကျောပေး
ထားတဲ့ အနေအထားနဲ့တောင်မှ အရမ်းတွေ
ကြည့်ကောင်းနေတာပဲ ။" ဟော ၊ Jimin တောင် လာပြီ "
မျက်နှာချင်းဆိုင်အနေအထားနဲ့မို့ ၊ သူ့ကိုမြင်တဲ့
hyung က အသိပေးသလို ပြောလိုက်တော့မှပဲ ၊
Jungkook မှာ အနောက်ကိုလှည့်လာတော့သည် ။" အကြာကြီးစောင့်လိုက်ရလား Jungkook "
ဘေးနားမှာ ရပ်လိုက်ကာ မေးတော့ ၊ Jungkook က
ခေါင်းခါရင်းနဲ့ ခပ်ပါးပါးပြုံးတယ် ။" မစောင့်ရပါဘူး ၊ အဆင်သင့်ဖြစ်ပြီဆိုရင်
သွားရအောင်လေ "" Jimin လေး ကောင်းကောင်းပျော်ခဲ့နော် "
ခေါင်းကို ခပ်သာသာပုတ်ရင်း နှုတ်ဆက်နေတဲ့
Hoseok hyung ကို ၊ Jimin ခေါင်းတစ်ဆတ်ဆတ်
ငြိမ့်ပြလိုက်သည် ။" စိတ်ချ hyung "
" အဲ့ဒါဆို hyung ၊ ကျွန်တော်တို့ သွားတော့
မယ်နော် "နှစ်ယောက်လုံး Hoseok hyung ကို နှုတ်ဆက်
ပြီးတဲ့အခါ သူတို့ရဲ့ဦးတည်ရာက ၊ စိမ်းစိမ်းစိုစိုနဲ့
နေချင်စရာကောင်းလွန်းတဲ့ Andoland ဆီ ။
Andoland ကိုတော့ ၊ သူနဲ့ Jungkook အနည်းဆုံး
တစ်ပတ်သုံးခါလောက် ရောက်ဖြစ်ကြတယ် ။
ကောင်းကင်ဘုံမှာနေလည်း ဘာမှသိပ်လုပ်စရာ
မရှိတဲ့အတွက် ၊ တစ်ရက်ခြား တစ်ခါလောက်
Andoland ဆီ လာလည်ဖြစ်နေတာပင် ။ ပြီးတော့
Andoland က Seokjin hyung တို့အပြင် ၊
တခြား ရင်းနှီးဖို့ကောင်းတဲ့ အဖော်တွေလည်း
ရှိတော့ ၊ သူ့အတွက် ဒုတိယ အိမ်လိုမျိုး ဖြစ်နေတာ။" Seokjin hyung တို့အိမ် အရင်သွားကြမယ်နော် ၊
ပြီးမှ Jimin သွားချင်တဲ့ဆီ သွားပေါ့ "ဖြည်းဖြည်းချင်းလမ်းလျှောက်နေတဲ့ Jungkook
ဟာ ၊ သူ့ကိုအသာစောင်းကြည့်နေတာကြောင့်
Jimin လည်း ပြန်ကြည့်ရင်းနဲ့ ခေါင်းငြိမ့်ပြ
လိုက်တယ် ။

YOU ARE READING
𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕
Paranormalကြယ်တွေ စုံနေစရာမလိုဘူး Jungkook သာ အနားမှာရှိမယ်ဆိုရင် လမိုက်ည ဖြစ်နေရင်တောင် ကျွန်တော့် ကောင်းကင်က လင်းပါတယ် Park Jimin ခွဲခွာခြင်းတွေကို ကိုယ်မကြိုက်ဘူး Jimin အဲ့ဒါကြောင့် ကြုံလာသမျှ ပြဿနာ...