Chapter 8

8.2K 972 169
                                    

/Unicode/

" Jimin "

" ဟုတ် Jungkook "

အိမ်ထဲက ခုံမှာထိုင်နေတုန်း ဘေးနား
မှာဝင်ထိုင်လာတဲ့ Jungkook ကြောင့် Jimin...
ဘေးကို လှည့်ကြည့်လိုက်သည်။ အိမ်ရှေ့စံ နဲ့
တွေ့ရမယ်ဆိုလို့ ရှေးခေတ် ဝတ်စုံ ဝတ်မယ်ထင်ထား
တာ။ အခုတော့ ဒီဘက်ခေတ် အဝတ်အစား အတိုင်း
ဝတ်ထားတာပဲ။ အပေါ်က အနက်ရောင်ရှပ်
လက်ရှည်ကိုတစ်တောင်ဆစ်အထိ ခေါက်တင်ထားပြီး အောက်က Pants အနက်ရောင်နဲ့ Jungkook ဟာ
နဂိုမြင်နေကျ အချိန်တွေထက် ပိုပြီးတည်ငြိမ်
လေးနက်နေတယ်။

" တစ်ယောက်တည်းမနေချင်ရင် တစ်ယောက်
ယောက်ပဲ ဖြစ်ဖြစ် အဖော်ခေါ်ထားပေးခဲ့ရမလား "

တည်တည်ငြိမ်ငြိမ်မျက်နှာမှာ သူ့ကို စိတ်မချတဲ့
အရိပ်အယောင်တွေပေါ်နေတာကြောင့် Jimin
ရင်ထဲမှာ နွေးသွားတယ်။

" ရပါတယ် ခဏပဲဟာကို "

" အင်း~~သိပ်မကြာပါဘူး~~~~hmn~~~Sorry "

စကားပြောနေရင်းက ရုတ်တရက် ထ သမ်းကာ
Sorry လို့ ခပ်တိုးတိုးဆိုရင်း မျက်တောင်ကို
မြန်မြန်ခပ်နေပြန်တာမို့ Jimin
ညက ကိစ္စကို တွေးမိကာ ခံစားချက်ပေါင်းစုံက
ရင်ထဲတိုးဝင်လာပြန်သည်။

" ဟိုလေ~~~Jungkook~~ညက ကိစ္စအတွက်
တောင်းပန်ပါတယ် "

အရှေ့ကနေ မျက်နှာငယ်လေးနဲ့ တောင်းပန်နေတဲ့
Jimin ကြောင့် Jungkook တစ်ချက်စဉ်းစား
သွားတယ်။ ညက!! ညက အကြောင်းတွေးမိတော့
Jungkook မနေနိုင်စွာ ပြုံးလိုက်မိသည်။ ဒါနဲ့ ဒီကလေး
ညက နိုးနေတာလား! သူ ဘာမှပြန်ပြောလို့ထင်တယ် Jimin ရဲ့ ငုံ့ထားတဲ့ မျက်နှာက မော့ကို မလာတော့ဘူး။

" Jungkook ကျွန်တော့်ကြောင့် အိပ်ရေးပျက်သွားတာ
တောင်းပန်ပါတယ် "

" အဲ့လိုလည်း မဟုတ်ပါဘူး~~"

အမှန်အတိုင်းပြောရရင် ညက ကိုယ်လုံးသေးသေးလေး
ကို ရင်ခွင်ထဲ ပွေ့ထားရတော့ ရင်တွေခုန်ပြီး တစ်ညလုံး
ကောင်းကောင်း အိပ်မပျော်ခဲ့ဘူး။ ကလေးလေးလို
ရင်ခွင်ထဲ အတင်းတိုးအိပ်တဲ့ Jimin ပုံစံလေးကို
ပြန်စဉ်းစားမိရင်း Jungkook သဘောတကျပြုံးမိ
ုပြန်သည်။

𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕Où les histoires vivent. Découvrez maintenant