/ Unicode /
ဆောင်းရာသီရဲ့ အမှတ်အသားဖြစ်တဲ့ နှင်းစက်တွေ
မြေပြင်ပေါ်ကို ခပ်ပါးပါးကျဆင်းနေအချိန်မှာ
အအေးဓာတ်ကဲနေတဲ့ လေတစ်ချို့ကလည်း အနား
ကနေ ကူးလူးဖြတ်သန်းသွားသည် ။ ပုံမှန်ဆိုရင်
ဒီလိုရာသီဥတုမှာ စောင်ပုံထဲကွေးပြီး တစ်ရေး
တစ်မောအိပ်နေမိလောက်ပေမယ့် ၊ အခုကတော့
မကြာခင် စတင်တော့မယ့် ခရီးအတွက် ၊ Jimin
စိတ်လှုပ်ရှားမှုတွေအပြည့်နဲ့ တက်ကြွနေတယ် ။" Jungkook နဲ့ မင်းသားလေး ၊ အဆင်သင့်ဖြစ်ရင်
သွားကြရအောင်ပါ ၊ ဒီအချိန်လောက်ထွက်မှပဲ
Hailron ကို ညနေလောက် ရောက်ပါလိမ့်မယ် "ခေါင်းဆောင် Kim ရဲ့ သတိပေးစကားကြောင့်
Jimin မယ်မယ် ၊ ခမည်းတော်နဲ့ hyung တို့ကို
နောက်တစ်ခါ ထပ်နှုတ်ဆက်လိုက်တယ် ။" ကောင်းကောင်းနေရစ်ပါ မယ်မယ်တို့ "
" Hailron က ဒီမှာထက်ပိုအေးတယ် သားတော်ငယ်
နွေးနွေးထွေးထွေးနေနော် ၊ Jungkook ကိုလည်း
အရမ်းဆိုးမနေနဲ့ဦး "လည်ပင်းက မာဖလာကို ပြင်စည်းပေးပြီး ၊ အနွေး
ထည်ရင်ဘတ်ကိုပါ သေချာစေ့ပေးနေတဲ့ မယ်မယ်
က စိတ်မချချင်သလိုနဲ့ ၊ မှာပြီးသား အကြောင်း
အရာတွေကိုပဲ ထပ်ကာ ထပ်ကာ မှာနေတော့သည် ။" ဟုတ်ကဲ့ မယ်မယ် ၊ မယ်မယ်လည်း ကျန်းမာရေး
ဂရုစိုက်နော် "ပါးကိုမွှေးကြူရင်း နှုတ်ဆက်တော့ မယ်မယ်က
သဘောကျစွာနဲ့ ပြုံးတယ် ။ မှတ်ဥာဏ်တွေအားလုံး
ပြန်ရသွားပေမယ့် ၊ ကောင်းကင်ဘုံနဲ့ မယ်မယ်တို့က
သူ့အိမ် သူ့မိသားစုဆိုတာ ပြောင်းလဲ မသွားတဲ့
အတွက် ၊ Jimin အကုန်လုံးကို နဂိုအတိုင်းပဲ နွေးနွေး
ထွေးထွေး ပြောဆိုဆက်ဆံဖြစ်သည် ။ ပြီးတော့
ခမည်းတော်နဲ့ မယ်မယ်အပါအဝင် ၊ hyung
တို့ကလည်း ကျေးဇူးတင်စရာကောင်းစွာ သူ့ကို
အရင်ကလို ဂရုစိုက်ပေး ချစ်ပေး နေတုန်းပဲ ။" Jungkook ၊ Jimin ကို အရမ်းအလိုမလိုက်နဲ့
မယ်မယ် စိတ်ချမယ်နော် "" ဟုတ်ကဲ့ပါ မယ်မယ် "
မယ်မယ်ရဲ့ အမှာစကားကို Jungkook က အသာ
ရယ်ရင်းနဲ့ တုံ့ပြန်သည် ။ သူ့ရဲ့တိုက်တွန်းချက်
ကြောင့် Jungkook မှာ မယ်မယ့်ကို အရင်လို မိဖုရား
ကြီးလို့ မခေါ်တော့ပဲ ၊ သူ ခေါ်သလိုပဲလိုက်ခေါ်
တော့တာ ။ နောက်တစ်ပတ် ဆိုရင်ပဲ လက်ထပ်ပြီး
အမျိုးတော်ရတော့မှာကို အခေါ်အဝေါ်တွေ ပြောင်း
သင့်ပြီ မဟုတ်လား ။

YOU ARE READING
𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕
Paranormalကြယ်တွေ စုံနေစရာမလိုဘူး Jungkook သာ အနားမှာရှိမယ်ဆိုရင် လမိုက်ည ဖြစ်နေရင်တောင် ကျွန်တော့် ကောင်းကင်က လင်းပါတယ် Park Jimin ခွဲခွာခြင်းတွေကို ကိုယ်မကြိုက်ဘူး Jimin အဲ့ဒါကြောင့် ကြုံလာသမျှ ပြဿနာ...